မူဂျီအယ်လ်
🌸pann
Part (30)
" သား အလယ်တန်းကျောင်းသားရောက်တဲ့ထိ စကားနည်းသွားပေမယ့် သူ့အဖေကိုကလန်ကဆန်မလုပ်တတ်သေးဘူး.. ဒါပေမယ့် ငယ်ငယ်ကလို တက်ကြွပျော်ရွှင်တဲ့ပုံရိပ်လေးမရှိတော့ဘူး တစ်ယောက်ထဲပါးစပ်လေးပိတ်ပြီးသူ့အခန်းထဲမှာပဲနေနေတတ်တာ.. သူ့အဖေတွေ့ရင် ကြောက်လန့်ပြီးရှောင်နေတတ်တာ အရင်ကမရှိခဲ့ဖူးတဲ့ မဝံ့မရဲအကျင့်လေးတွေပေါ်လာတယ် ကျွန်မထင်လိုက်တာတော့ငါ့သားလေးတော့ ခြောက်များခြောက်သွားမလားလို့ ရင်တထိတ်ထိတ်ဖြစ်နေခဲ့တာ.. လူတွေနဲ့ရှောင်လာတယ် လူစုလူဝေးရှိတဲ့ပွဲတွေဆို ဘယ်လောက်ခေါ်ခေါ်သူမလိုက်တတ်ဘူး.. "
" ဒါလည်း စိတ်ရောဂါတစ်မျိုးပဲ.. ပြဿ နာ ကြီးကြီးမားမား ထိခိုက်မှု မရှိတာကလွဲရင် စိတ်ဒဏ်ရာရနေတာမျိုး "
နိုနို အမေပြောတာကို ခေါင်းညိတ်လက်ခံမိသည်.. ။
အန်တီကလည်း ခေါင်းညိတ်ပြရင်းစကားဆက် ပြောနေတာ..
" အထက်တန်းကျတော့ တစ်မျိုးပြောင်းသွားပြန်ရော.. သူလုပ်ချင်တာသူလုပ်လာတာ ဖအေကဆူရင်လည်းပြန်မပြောဘူး အိမ်မှာဆို မျက်နှာထားကရယ်လည်းမရယ် ပြုံးလည်းမပြုံးဘူး.. မိသားစုတွေနဲ့လည်း သိုက်သိုက်ဝန်းဝန်းမနေဘဲတစ်ယောက်ထဲ သီးသန့်ထွက်ရှောင်နေတာ များလာတယ်.. ဆယ်တန်းကိုဂုဏ်ထူးတွေနဲ့ ကောင်းကောင်းအောင်ခဲ့လည်း သူ့ဖအေကဆရာဝန်လုပ် ဂုဏ်ရှိတယ် အင်ဂျင်နီယာဝါသနာပါလည်းတက်..ပြောတော့သူက ရိုးရိုးကျောင်းပဲတက်မှာဖြစ်လာရော သူ့အဖေကဆူငေါက်တော့ စိတ်လေးများ ပြောင်းသွားမလားမှတ်တယ်.. ရိုးရိုးကျောင်းမှမတက်ခိုင်းရင် ကျောင်းဆက်မတက်တော့ဘူးလုပ်ရော "
" ............ "
နိုနိုနဲ့အမေကတော့ ငြိမ်ပြီးနားထောင်နေလိုက်သည်.. ။
" သူ့ဖအေက စိတ်တိုပေမယ့် သူတက်ချင်တာပဲတက်တော့ဆိုပြီး လွှတ်ပေးလိုက်ရော.. ပထမနှစ်ကတော်တန်ရုံပြောရမခက်သေးဘူး ဒုတိယနှစ်မှာပိုဆိုးလာတယ်.. ပြောရခက်လာတယ် သူ့အဖေကဒါဆိုသူကဟိုဒါလုပ်တယ် တားရင်တားတဲ့ကိစ္စကိုပိုလုပ်တယ် အဖေကိုအဖေလို့ခေါ်ဖို့ဝန်လေးလာတယ်.. နောက်ကွယ်မှာတော့ အဖေလို့ခေါ်တတ်ပြောတတ်ပေမယ့် အဖေရှေ့တော့အဖေလို့သိပ်မခေါ်တတ်ဘူး မခေါ်တာများပါတယ်.. အိမ်မှာမကပ်တတ်ဘူး သူ့အဖေကသူ့ကိုမျှော်လင့်အားကိုးထားလေ သူကသူ့ကိုယ်သူပေါ့ပေါ့လျော့လျော့ နေတတ်လေ..ဘာပဲလုပ်လုပ် သူ့အဖေကိုဂျစ်တိုက်နေတော့တာပဲ သူ့ကိုယ်သူဆိုးအောင်လုပ်နေတာ..အရင်ကဒီလိုကလေးမဟုတ်ပါဘူး "
KAMU SEDANG MEMBACA
မူဂျီအယ်လ် (Unicode)
Romansa" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခုန်သံတောင် တူတာမဟုတ်ဘူး.. အရင်ကခံစားချက်တွေဆိုပိုဆိုးသေးတယ် မတည်မြဲတဲ့ထဲမှာရင်ခုန်သံလည်းပါတယ်နော် သတိလေးကပ်အုံး " မချစ်ခဲ့ဖူးတဲ့နှလုံးသားက ပ...