မူဂျီအယ်လ်
🌸pann
Part (31)
ဗိုရမ် နိုနို့ကိုလှမ်းကြည့်တော့မှ နိုနို့လက်ချက်မှန်းသိတော့တယ်.. ။
' ဒီခွေးမလေး အငြိမ်မနေပေါင်းများပြီ.. '
ဗိုရမ် ပြန်ဖို့ခြေလှမ်းတော့ အမေနဲ့နိုနိုက ကျွန်တော့်ရှေ့ပိတ်ရပ်လာကြတာ.. ။
" သား.. အိမ်ရောက်လက်စလေးနဲ့ နေပါအုံးလား "
" ဟုတ်သားပဲ ကိုကိုကလည်း.. "
သူကပဲ မျက်နှာချိုသွေးပြရတယ်ရှိသေး.. ။
" ကျွန်တော်.. "
" ငါ့အိမ်မှာ မထိုင်နိုင်လောက်အောင် မင်းဖင်ဝဲဆွဲမှာစိုးလို့လား.. "
အဖေက သတင်းစာဖတ်သလိုနဲ့ သတင်းစာပဲသည်းကြီးမည်းကြီး ဖတ်ရင်းကျွန်တော့်ကိုလှမ်းအော်နေတာ.. ။
" နှင်ထုတ်တဲ့သူက ရှိထားတော့ အလိုက်တသိ ထွက်သွားပေးမှာ.. "
" အောင်မာ.. ကြီးကြီးကျယ်ကျယ် နှင်ထုတ်အောင်လုပ်မှတော့ လုပ်ခံရမှာပဲ "
" အာ့တွေကြောင့် မလာချင်တာ မင်းသိလား.."
" အ့.. "
ကိုကိုက အံကြိတ်ရင်း နိုနို့နဖူးကို လက်ညိုးနဲ့တွန်းလိုက်တော့ ကိုယ်လေးတောင်ယိုင်သွားရသည်.. ။
" ဟိုကောင်.. ကိုယ့်ထက်အငယ်ကို မင်းဒီလိုပဲအနိုင်ကျင့်နေကျလား "
" ကျွန်တော့်မိန်းမ ကျွန်တော် ဘာလုပ်လုပ်.."
ကိုကိုက နိုနို့ကိုကြည့်ပြီးပဲ ပြန်ဖြေနေတာ..။
" ဟ.. မင်း "
ဦးလေးက ပြောဖို့တာစွယ်နေတော့..
" လာ.. သား ထိုင်ပါအုံးကွယ် အမေတို့အိမ်ကလည်း သားအိမ်ပဲဟာကို "
အန်တီက ကိုကို့လက်လေးကို ဆွဲပြီးအိမ်ထဲဝင်ထိုင်ခိုင်းနေတာ.. ။
ဒါတောင်ငြင်းချင်နေသေးတဲ့ ကိုကို့ကြောင့်နိုနိုပါဝင်ပါရသည်..
" ကျွန်တော်.. "
" လာပါ.. ကိုကိုရယ် နိုနိုတို့မိဘအိမ်မရောက်တာ ကြာနေပြီကို အေးဆေးပေါ့ လာ လာ.."
YOU ARE READING
မူဂျီအယ်လ် (Unicode)
Romance" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခုန်သံတောင် တူတာမဟုတ်ဘူး.. အရင်ကခံစားချက်တွေဆိုပိုဆိုးသေးတယ် မတည်မြဲတဲ့ထဲမှာရင်ခုန်သံလည်းပါတယ်နော် သတိလေးကပ်အုံး " မချစ်ခဲ့ဖူးတဲ့နှလုံးသားက ပ...