မူဂျီအယ်လ်
🌸pann
Part (4)
ဒီတစ်ခေါက်နွေရာသီကျောင်းပိတ်ရက်က ဘာဖိအားမှမရှိ.. လွတ်လပ်ပေါ့ပါးပြီးအချိန်တိုင်းအားလပ်နေတာပါ ။
မနှစ်နွေရာသီတုန်းကတော့ တစ်လလောက်ပဲနားပြီးဆယ်တန်းအတွက်ဆိုပြီး ကြို ပြီး စာတွေသင်ခဲ့ရတာ.. ။
အဲ့တုန်းကနွေရာသီကျောင်းပိတ်ရက်ဆိုတာ ဘာမှန်းသေချာခံစားလိုက်ရတာ မဟုတ်ဘူး..။
ခုတော့ဖြင့် ဪ.. နွေရာသီကျောင်းပိတ်ရက်ဆိုတာ ဒါမျိုးဆိုတဲ့ခံစားချက်တော့ရသား ။
အိမ်မှာတစ်ယောက်ထဲပျင်းတော့ ချိုရိုအိမ်သွားလည်ရင်သွားလည် မလည်ဖြစ်ရင်ဘေးအိမ်ကိုရောက်နေတတ်တာ.. ။
ဂွန်းကလည်းတစ်ခါတစ်လေ နိုနိုတို့အိမ်လာလည်တတ်တော့ အဖေတို့နဲ့တောင်အတော်ရင်းနှီးနေပြီ.. ။
နိုနို ဒီနေ့တော့ ဘေးအိမ်မသွားသေးဘဲ ချိုရိုအိမ်ကိုပဲသွားချင်နေတာလေ.. သူ့ကိုနိုနိုပြောစရာတွေမှအများကြီးပဲ ။
" သမီး နိုနို.. အဖေနဲ့ တစ်ခါထဲ လိုက်မှာဆို "
" ဟုတ် ဖေ.. လာပြီ ခဏ "
နိုနို ခေါင်းလေးဖြီးပြီး မှန်မှာကိုယ့်ကိုယ်ကိုယ် တစ်ချက် စစ်ဆေးပြီးအောက်ထပ်ပြေးဆင်းရသည်.. ။
" ဟော ဖြေးဖြေးဆင်းလာပါ သမီးရယ်.. အဖေ စောင့်နေပါတယ် "
" နိုနို လှေကားထစ်တွေကို ပြေးဆင်းရတာ ကြိုက်လို့ပါ ဖေရဲ့.. "
ဒီအိမ်စပြောင်းလာကတည်းက ဒီလှေကားတွေကို တစ်ထစ်ချင်းတက်ဆင်းတာမျိုးလုပ်မနေ.. ပြေးတက်ပြေးဆင်းပဲ ။
" မိန်းကလေး ဆိုတာက.. "
" ဟာ နောက်ကျတော့မှာပဲ သွားရအောင် ဖေ.."
" ဟောဗျာ.. "
အဖေက မိန်းကလေးဆိုတာနဲ့အစချီပြီး တရားဘာဝနာပေးတော့မှာမို့ အဖေ့ရှေ့ကနေအမြန်ပြေးရသည်.. ။
ဒါပေမယ့် နိုနိုသိပါတယ်.. ။
အဖေစိတ်မဆိုးဘူးဆိုတာ.. ဘာလို့ဆို အဖေနဲ့အမေ့မျက်နှာမှာ အပြုံးလေးတွေသမ်းနေတာကို ။
YOU ARE READING
မူဂျီအယ်လ် (Unicode)
Romance" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခုန်သံတောင် တူတာမဟုတ်ဘူး.. အရင်ကခံစားချက်တွေဆိုပိုဆိုးသေးတယ် မတည်မြဲတဲ့ထဲမှာရင်ခုန်သံလည်းပါတယ်နော် သတိလေးကပ်အုံး " မချစ်ခဲ့ဖူးတဲ့နှလုံးသားက ပ...