Part (19)

1.6K 74 0
                                    

မူဂျီအယ်လ်

🌸pann

Part (19)

" ဟာ ဒီကိစ္စနဲ့ကျွန်တော်နဲ့က ဘာဆိုင်လို့လဲ.. "

ဗိုရမ် အစကငြိမ်နားထောင်ရင်းကနေ ထပေါက်ကွဲပြီ.. ။

" ဆိုင်တာ မဆိုင်တာတွေ ငါ့လာမပြောနဲ့ ဗိုရမ်.. ဘေးပတ်ဝန်းကျင်က နိုနိုနဲ့မင်းနဲ့ကိုဘယ်လိုတွေထင်နေပြောနေကြတယ်ဆိုတာ မင်းသိလား "

" ပေါက်ပန်းလေးဆယ် လျှောက်ပြောတိုင်း လိုက်ဂရုစိုက်နေရမှာလား.. "

" မင်းကဂရုမစိုက်လည်း ရတယ်.. ဟိုဘက်ကသမီးမိန်းကလေး သူ့ဂုဏ်သူ့တန်ဖိုးက ပတ်ဝန်းကျင်အလယ်မှာပြောစရာဖြစ်နေရင် မင်းတာဝန်ယူပေးသင့်တယ် "

" တာဝန်ယူရလောက်အောင် ကျွန်တော်သူ့အပေါ်မှားတာတွေ မှန်တာတွေတစ်ခုမှမရှိခဲ့ဘူး.. "

" မင်းက နိုနို့ကို လက်မထပ်နိုင်ပါဘူးလို့ ငြင်းချင်နေတာလား.. "

" ဘာမှမဖြစ်ကြတဲ့ ကိစ္စကို ဘာလို့ဖြစ်ပါတယ်လို့ခေါင်းညိတ် ဝန်ခံရမှာလဲ.. အဓိပ္ပာယ်မရှိတာ ကျွန်တော်တို့နှစ်ယောက် လက်ထပ်လိုက်ရင် သူတို့ထင်တာဟုတ်ပါတယ်ဖြစ်သွားမှာပေါ့.. "

" ဟုတ်တာ မဟုတ်တာတွေ ဂရုစိုက်နေတယ်လို့ မင်းထင်နေလား ဗိုရမ်.. လူတိုင်းကိုယ်လိုမမှတ်နဲ့ ဒီကိစ္စကြောင့်နိုနိုလေးမှာတော်တော် ပြောခံနေပြီ.. သူဒီလိုဖြစ်ရတာလည်း မင်းနဲ့ပတ်သက်ပြီးဖြစ်တာလေ ဒီတော့မင်းတာဝန်ယူကိုယူရမယ် ဗိုရမ် "

" ဟာ.. ဇွတ်အတင်းပါလား အဖေ "

" ငါ့စကား မင်းနားမထောင်ခဲ့သမျှ ငါမပြောသေးဘူး.. ခုဒီတစ်ခေါက်တော့ မင်းငါ့စကားနားထောင်ကိုထောင်ရမယ် "

" လက်ထပ်စရာမလိုဘဲ တခြားနည်းလမ်းနဲ့ ကျွန်တော်ရှင်းမယ်.. "

" မင်း တော်တော်လက်ပေါက်ကပ်ပြီး ပြောရခက်ပါလား ဗိုရမ်.. မင်းရှင်းစရာဘာမှကိုမလိုတော့တာ ငါတစ်ခါထဲသမီးတောင်းလာပြီးပြီ အကုန်ပြောထားဆိုထားပြီးသွားပြီ.. "

" ဟာ ဒီကိစ္စမှာ ကာယကံရှင်ဖြစ်တဲ့ ကျွန်တော့်ကိုတောင် အသိမပေးဘဲ လုပ်သွားတာတော့ လွန်တယ်.. နိုနိုကရော လက်ခံတယ်တဲ့လား "

မူဂျီအယ်လ် (Unicode)Donde viven las historias. Descúbrelo ahora