မူဂျီအယ်လ်
🌸pann
Part (10)
ဗိုရမ် မနက်စာ စားပြီးကတည်းက ခြံထဲဆင်းထိုင်နေခဲ့တာ.. ။
" ကေဇင်ရေ.. ငါ သွားပြီနော် "
" ကားသေချာမောင်းနော်.. "
" အေးအေး.. "
အဖေက ကားထဲမဝင်ခင် ခြံထဲထိုင်နေတဲ့ ကျွန်တော့်ကို မကြည်ကြည့် ကြည့်လိုက်သေးတာ..။
ကျွန်တော်လည်း ခပ်တည်တည်နဲ့မသိချင်ယောင်ဆောင်လိုက်တယ်.. ။
အဖေ ပိုဒေါခီးနေတာ အလိုလိုခံစားသိနေတယ်.. ။
" ဂျိမ်း.. "
ကားတံခါးတောင် ဖြေးဖြေးမပိတ်နိုင်တဲ့ အဖေ့ဒေါသ.. ။
ခြံထဲကနေ မောင်းထွက်သွားတဲ့ အဖေ့ကားကို လိုက်ငေးကြည့်လိုက်မိသည်.. ။
' ဖြေးဖြေး မမောင်းသွားဘူး.. '
ဗိုရမ် စိတ်ထဲတီးတိုးရေရွတ်ရင်း ခြံထဲက မြက်ခင်းပေါ်မှာပဲ ခြေပစ်လက်ပစ်နဲ့ဆက်ထိုင်နေလိုက်သည်.. ။
.
နိုနို့အခန်းထဲက လိုက်ကာစ က အဆုံးထိမဆွဲရသေးတော့ အလင်းရောင်ကောင်းကောင်းမရ..။
" .............. "
နိုနို လိုက်ကာစလေး သွားဆွဲတော့..
" ကိုကို.. "
မျက်နှာက လှိုက်လှိုက်လှဲလှဲအပြုံးလေးနဲ့အတူ နာမည်လေးပါတီးတိုးရွတ်လိုက်သေးတာ.. ။
" ခိခိ.. "
နိုနို အပြုံးတွေနဲ့အတူ အခန်းထဲက ပြေးထွက်လာလိုက်သည်.. ။
' ကိုကို.. ကိုကို ဒီနေ့အိမ်မှာရှိတယ် '
' ကိုကို ခြံထဲထိုင်နေတာ.. ခိ '
' ကိုကို ရှိတယ်.. ကိုကို ဘယ်မှမသွားဘူး '
' ကိုကို.. '
နိုနို စိတ်ထဲ တတွတ်တွတ်ရွတ်ရင်းနဲ့ လှေကားထစ်တွေကို ပြေးဆင်းနေခဲ့တာ.. ။
လူတစ်ကိုယ်လုံးလည်း လေထဲရောက်နေသလို ပေါ့ပါးနေခဲ့တာ... ။
" ဟဲ့ ဟဲ့ အမလေး နိုနို.. ဖြေးဖြေးဆင်းလာလေ"
အမေက လှေကားရင်းနားမှာရပ်ပြီး နိုနိုကို အော်ပြောနေတာ.. ။
BINABASA MO ANG
မူဂျီအယ်လ် (Unicode)
Romance" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခုန်သံတောင် တူတာမဟုတ်ဘူး.. အရင်ကခံစားချက်တွေဆိုပိုဆိုးသေးတယ် မတည်မြဲတဲ့ထဲမှာရင်ခုန်သံလည်းပါတယ်နော် သတိလေးကပ်အုံး " မချစ်ခဲ့ဖူးတဲ့နှလုံးသားက ပ...