Part (5)

1.6K 95 0
                                    

မူဂျီအယ်လ်

🌸pann

Part (5)

ဗိုရမ် ကားမောင်းနေရင်း ရိပ်ခနဲ ဂွန်းကိုမြင်လိုက်မိသလို.. ။

ကိုယ်ကလည်းကားအမြန်မောင်းနေတော့ ဂွန်းဆိုတာသေချာလား မသေချာလားလည်းဝေခွဲမတတ်.. ။

ဒါပေမယ့် ကိုယ့်မျက်လုံးကိုလည်းသိပ်သံသယမဝင်မိ.. ဂွန်းကိုမှားကြည့်လောက်မှာလည်းမဟုတ် ။

" မင်းလည်ချင်တာများ တစ်ယောက်ထဲသွားပေါ့.. "

" ကျွန်တော့်သူငယ်ချင်းတွေက ဒီမှာမှမရှိဘဲ "

ကျွတ်.. ။

' ဒီကောင် တစ်ယောက်ထဲ ယောင်လည်လည်ဖြစ်နေတာလား.. '

စိတ်ထဲမချတာနဲ့ ကားကိုနောက်ရင်းပြန်လှည့်ကွေ့ရသည်.. ။

" ကျွတ်.. ခဏလေးနဲ့ကို ငါဒီလောက်အဝေးကြီးမောင်းမိလိုက်တာလား "

ပြန်လှည့်မောင်းလာပြီး ဂွန်းကိုရှာမှပဲ ကိုယ်တော်တော်လှမ်းလှမ်းလေးရောက်သွားမိတာ သတိထားမိတော့တယ်.. ။

ဒီတစ်ခါတော့ မလွဲအောင် ကားကိုပုံမှန်နှုန်းလေးနဲ့ပဲမောင်းလိုက်သည် ။

" ဒီနားလောက်ပဲ မဟုတ်လား.. "

မျက်လုံးလေးကစားရင်း ကိုယ်ထင်မိတဲ့နေရာကျ ကားဘီးတစ်ဘီးချင်းလိမ့်ကာ မောင်းနေလိုက်သည်.. ။

" ဟော.. "

ထင်တဲ့အတိုင်း တစ်ယောက်ထဲ.. ဟိုကြည့်ဒီကြည့်နဲ့ ။

ဒီလိုကျတော့လည်း စိတ်ထဲမကောင်း သလိုဖြစ်မိသား.. ။

ဗိုရမ် ခါးပတ်ကြိုးဖြေလျော့ရင်း ကားတံခါးဖွင့်ဆင်းမယ်အလုပ်..

" ဟေ့ ဂွန်း.. စောင့်နေတာကြာပြီလား "

" နိုနိုနဲ့ချိုရိုကလည်းဗျာ ကလစ်လေးတစ်ခုနှစ်ခုဝယ်တာ ကြာလိုက်တာ.. "

" အာ့ကြောင့် နိုနိုတို့နဲ့ အထဲကိုအတူလိုက်ဝင်လို့ခေါ်တယ်မဟုတ်လား.. "

" ဟာဗျာ.. လိုက်ဝင်ရင် နိုနိုနဲ့ချိုရိုက ကျွန်တော့်ကိုမစဘူးလို့ အာမခံနိုင်လို့လား "

မူဂျီအယ်လ် (Unicode)Opowieści tętniące życiem. Odkryj je teraz