Part (26)

2.6K 89 0
                                    

မူဂျီအယ်လ်

🌸pann

Part (26)

အိမ်က နိုနိုတို့ ကျွန်တော့်ကို ကောက်နေတာ နှစ်ရက်ရှိနေပြီ..။

ကျွန်တော့်အတွက်တော့ လုပ်စရာရှိတာ လုပ်ပေးသွားပါသည်.. ။

ဒါပေမယ့် ကျွန်တော်နဲ့ထိပ်တိုက်မတွေ့.. ခပ်ခွာခွာရှောင် ရှောင်နေတာ ။

ကိုကို ကိုကိုနဲ့လည်း တစာစာမခေါ်နေ..။

အနားကပ်ဖို့ဆိုဝေး...

" အဲ့တော့ မင်းက ဒီတိုင်းပဲ ပစ်ထားလိုက်ရောလား.. ဗိုရမ် ဟမ် "

သူငယ်ချင်းတွေကို ပြောပြမှပဲ ပြူ းပြဲဟောက်ခံနေရတာ.. ။

" ဟိုကမှ ရှောင်နေတာကို သိက္ခာကျအောင် ငါကလိုက်စကားပြောရမှာလား.. "

" ဟွင့်.. သိက္ခာ ကျမှာတော့ ကြောက်နေသေးတယ် မျက်နှာကဖြင့် ပြို ကျတော့မယ့်ဆိုဒ်နဲ့ "

" ဘာလဲ.. ဘာပြိုကျမယ့်ဆိုဒ်နဲ့လဲ "

" မင်းကိုယ်မင်း ပိုသိမှာပေါ့.. စိတ်တွေက တောင်လွင့်မြောက်လွင့်နဲ့မို့ ရှုတင်တောင်မင်းတစ်ရက်အောက်(out) လာရပြီမဟုတ်လား "

အာ့လည်း ဟုတ်ပါတယ်.. ။

ဒီနေ့ ရိုက်ရမှာက ပြုံးပြုံးရွှင်ရွှင် နဲ့တက်တက်ကြွကြွကောင်လေးတစ်ယောက်လို ရိုက်ရမှာ..

မရိုက်ခင်မုခ်ထည့်လည်း ဘယ်လိုမှမဝင်..။

နားထဲမျက်လုံးထဲ ပြန်ကြားပြန်မြင်ယောင်နေတာက..

" ကိုကို.. မော်ဒယ်လ် မလုပ်တော့နဲ့ "

နိုနိုပြောတာလေး ပြန်ကြားယောင်နေတာ..။

ရိုက်နေရင်းနဲ့လည်း မျက်နှာက ရုတ်ချင်း ပြန်တည်သွားလို့ ငေါက်ခံထိရပြီးပြီ..။

နောက်ဆုံးမရတော့လို့ ဒါရိုက်တာက ဒီနေ့ ကျွန်တော်တစ်ယောက်ထဲ ကိုပဲ နားရက်ပေးလိုက်တာ.. ။

စိတ်လေနေတာနဲ့ အိမ်မပြန်သေးဘဲ ဒီကောင်တွေဆီလှည့်ဝင်လာလိုက်တာ..။

အတင်းမေးလို့သာ ကိုယ့်မှာပြန်ဖြေရတာ..

စကားကောင်း တစ်ခုမှမကြားရသေး.. ။

မူဂျီအယ်လ် (Unicode)Where stories live. Discover now