မူဂျီအယ်လ်
🌸pann
Part (7)
" သား.. အစောကြီး နိုးနေပါလား "
" ဒီနေ့ နည်းနည်းစောတယ် "
" သားညီနဲ့အဖေကတော့ မနိုးသေးဘူး.. "
" အမေ ဘာလုပ်မလို့လဲ "
အမေက ဘုရားခန်းကနေ ရေပုံးကိုင်ထွက်လာလို့ မေးလိုက်သည်.. ။
" ဘုရားခန်း သန့်ရှင်းရေးလုပ်ထားတာ.. "
ဗိုရမ် အမေ့လက်ထဲက ပုံးကိုတစ်ချက်စောင်းငဲ့ကြည့်လိုက်သည်.. ။
ဟုတ်သား.. ရေညစ်တွေ ။
" သွားသွန်မလို့လား.. "
" ဟုတ်တယ်.. တစ်ခါထဲ ဆေးကြောပြီး ဒီထဲကအဝတ်စတွေလျှော်မလို့ "
" ကျွန်တော် လုပ်လိုက်မယ်လေ.. "
ဒါ သားကြီးရဲ့ထုံးစံ.. ။
အမေ့အလုပ်ဆို သူကူလုပ်ပေးတတ်တာ ရှိပေမယ့် အဖေ့အလုပ်ဆိုယောင်လို့တောင်ခြေဦးမလှည့်တတ်.. ။
အာ့ကြောင့်လည်း သူ့အဖေနဲ့ဆို ကြောမတည့် ။
" ရပါတယ် သားရယ်.. ဒါတွေကို ခြံထဲက ရေပန်းမှာဆေးမလို့ "
ရေညစ်ဆိုပေမယ့် ကြည့်ရဆိုးလောက်တဲ့ထိ မဟုတ်.. ။
ရေပိုတွေကိုခြံထဲက ပန်းတွေလောင်းတတ်တဲ့အမေ့ရဲ့ ကပ်စီးနှဲခြွေတာနည်းကိုသိပါတယ်.. ။
ပြီးရင် ခြံထဲကရေပန်းကရေနဲ့ လျှော်ဖွတ်ပြီး လှမ်းထားတတ်တာလေ.. ။
ဒီလောက်ကတော့ သိပါတယ်.. ။
" ကျွန်တော် သိပါတယ်.. အမေလုပ်စရာရှိတာသာ သွားလုပ်လိုက် ဒါကျွန်တော်ဆက်လုပ်လိုက်မယ် "
ဗိုရမ် အမေ့လက်ထဲက ရေပုံးဆွဲယူပြီး အမေ့ရှေ့ကနေ သုတ်သုတ်လေးထွက်လာလိုက်သည်.. ။
ရေတွေကိုပန်းပင်ခြေရင်းမှာ အသာပက်လောင်းချပြီး ခြံထဲကရေပိုက်နားသွား ထိုင်ချလိုက်သည်.. ။
" ဗြွက် ဗြွက်.. "
အဝတ်စလေးတွေကို ရေလောင်းချရင်းလက်နဲ့ဖိချေကာ ဆေးနေလိုက်သည်.. ။
ŞİMDİ OKUDUĞUN
မူဂျီအယ်လ် (Unicode)
Romantizm" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခုန်သံတောင် တူတာမဟုတ်ဘူး.. အရင်ကခံစားချက်တွေဆိုပိုဆိုးသေးတယ် မတည်မြဲတဲ့ထဲမှာရင်ခုန်သံလည်းပါတယ်နော် သတိလေးကပ်အုံး " မချစ်ခဲ့ဖူးတဲ့နှလုံးသားက ပ...