မူဂျီအယ်လ်
🌸pann
Part (16)
နိုနိုတို့ အဖေအပ်ပေးတဲ့ အဆောင်လေးရောက်လာပြီ.. ။
အဆောင်လေးကသန့်လည်းသန့်ရှင်းတယ်..အဆင်ပြေမယ့်ပုံလေးပါ ။
နိုနိုနဲ့ချိုရိုကတော့ ပတ်ဝန်းကျင်အသစ်နဲ့ထိတွေ့ရတော့ စိတ်တွေလှုပ်ရှားနေခဲ့ကြတာ.. ။
တွေ့သမျှလူတိုင်းကို အထူးဆန်းသဖွယ်လိုက်ကြည့်မိလို့.. ။
နိုနိုတို့နှစ်ယောက် ကို မိဘတွေက အစစအရာရာ ဘယ်လိုသွား ဘယ်လိုနေ ဘယ်လိုမလုပ်နဲ့လို့ မျိုးစုံနေအောင် မှာပြီးနှစ်ယောက်လုံးကို ထားခဲ့ပြီ.. ။
အဖေတို့အမေတို့ရဲ့ကျောပြင်ကြည့်ပြီး ခုမှစိတ်ထဲနေလို့မကောင်းလာ.. ။
ဘယ်လိုပြောရမလဲ.. ပထမဆုံးမူကြိုတက်ရတဲ့ခံစားချက်လိုပဲ ။
အတည်ကြီးဝေးကွာပြီး ပြန်မတွေ့ရမှာလည်း မဟုတ်ဘူးဆိုတာ သိနေတယ်.. ။
ဒါပေမယ့် ကိုယ့်မျက်စိရှေ့ကနေ မိဘတွေကိုပျောက်မသွားစေချင်.. ။
ပြန်လိုက်ချင်လာသလိုလိုနဲ့.. ရင်ထဲခံစားရတာတစ်မျိုးကြီး ။
မသိရင် အဖေနဲ့အမေ ကို တကယ်ပဲဝေးသွားရသလိုလိုနဲ့.. ။
ကိုယ်လည်းဒီလိုမျိုးခံစားရသလို မိဘတွေလည်းခံစားရလောက်မလား.. ။
ဒါတော့ နိုနိုမသိ.. ။
တစ်နေ့ကျပြန်မေးကြည့်ရမယ်.. ။
" အဖေနဲ့အမေကို လွမ်းလာသလိုပဲ.. "
ချိုရိုက စစချင်း ထုတ်ပြောလာသည်.. ။
" ငါရော.. တစ်ခါမှမခွဲဖူးလို့လား မသိဘူးနော် "
" အေးဟာ... "
" .......... "
နိုနို ပြန်စကားမဆက်ဘဲ အခန်းလေးထဲဝေ့ဝိုက်ကြည့််မိသည်.. ။
အခန်းလေးသာ ဆယ်ပေပတ်လည်လောက်လေးပဲရှိမယ်.. အဲ့ထက်သာရင်လည်းနည်းနည်းပေါ့ ။
" ဒါနဲ့ ဒီလိုအခန်းတစ်ခန်းထဲ နင်နဲ့အတူနေရမယ်ဆိုတော့ တစ်မျိုးကြီးပဲ.. "
BẠN ĐANG ĐỌC
မူဂျီအယ်လ် (Unicode)
Lãng mạn" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခုန်သံတောင် တူတာမဟုတ်ဘူး.. အရင်ကခံစားချက်တွေဆိုပိုဆိုးသေးတယ် မတည်မြဲတဲ့ထဲမှာရင်ခုန်သံလည်းပါတယ်နော် သတိလေးကပ်အုံး " မချစ်ခဲ့ဖူးတဲ့နှလုံးသားက ပ...