မူဂျီအယ်လ်
🌸pann
Part (34)
နိုနိုလည်း နိုနို့အလုပ်နဲ့နိုနို.. ။
ကိုကိုကလည်း သူ့အလုပ်နဲ့သူမို့.. နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်အချိန်ပေးတာနည်းတယ် ။
ညဘက်လောက်မှပဲ အေးဆေးတွေ့ဖြစ်ကြတာ..။
အလုပ်များပြီးပင်ပန်းတဲ့နေ့ဆို စကားတောင်သိပ်မပြောဖြစ်ကြဘူး.. ။
ခုလည်း ကိုကိုပြန်အလာကို ဆိုဖာပေါ်မှာ လှဲအိပ်ပြီး စောင့်နေတာ..
ဗိုရမ် တံခါးဖွင့်ပြီး ခြံထဲထိ ကားမောင်းဝင်လာတာတောင် အိမ်ပေါက်ဝမှာရပ်ကြိုနေတတ်တဲ့နိုနို့ကိုမတွေ့ရသေး.. ။
နာရီကြည့်တော့ ရှစ်နာရီခွဲနေပြီ..။
ဗိုရမ် အသာလေးအိမ်ထဲလျှောက်ဝင်တော့ ဆိုဖာမှာလှဲအိပ်ပျော်နေတဲ့ နိုနို..
တီဗွီကြီးလည်း ဖွင့်လျက်သားနဲ့.. ။
" အဟွင်း.. "
ဗိုရမ် ပြုံးရင်း အနားသွားထိုင်ပြီး ပါးလေးကို အသာဖိကပ်နမ်းလိုက်သည်.. ။
" အင်း...."
နိုနို ကိုယ်လေးလှုပ်လာတော့ ကိုယ်လေးအသာနောက်ဆုတ်ပေးကာ အပြုံးလေးနဲ့ စောင့်နေလိုက်သည်.. ။
" ဟင် ကိုကို.. ရောက်ပြီလား "
မျက်လုံးလေးတွေ ပွတ်သပ်ပြီး အကြောဆန့်ကာ မေးနေတဲ့နိုနို.. ။
" ကိုယ့်ကို ကြိုးစားပမ်းစား စောင့်နေတာနော်..အဟွင်း "
" ဟီး.. "
ကိုကိုက နိုနို့နှာခေါင်းထိပ်လေးကို အသာဖိညစ်တော့ နိုနိုပြုံးပြလိုက်သည်.. ။
" နိုနိုလည်း စောင့်နေတာပဲ.. သူ့သူ အိပ်ပျော်သွားတာ "
နိုနိုက ဖြေရှင်းချက်ထုတ်ရင်း ခုံမှာထထိုင်နေပြီ..။
" ............ "
အနားကလွတ်သွားတဲ့နေရာမှာ ကျွန်တော့်ကိုထိုင်ဖို့ လက်လေးပုတ်ကာပြောတော့.. ပြုံးပြရင်းအနားမှာဝင်ထိုင်ပေးလိုက်သည် ။
ŞİMDİ OKUDUĞUN
မူဂျီအယ်လ် (Unicode)
Romantizm" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခုန်သံတောင် တူတာမဟုတ်ဘူး.. အရင်ကခံစားချက်တွေဆိုပိုဆိုးသေးတယ် မတည်မြဲတဲ့ထဲမှာရင်ခုန်သံလည်းပါတယ်နော် သတိလေးကပ်အုံး " မချစ်ခဲ့ဖူးတဲ့နှလုံးသားက ပ...