Part (6)

1.5K 86 1
                                    

မူဂျီအယ်လ်

🌸pann

Part (6)

ဒီနေ့ ချိုရိုက သူ့မိဘတွေနဲ့ သွားစရာရှိလို့ နိုနို့ဆီမရောက်လာဘူး.. ။

နိုနိုကလည်း မနက်စာစားပြီးကတည်းက ဂွန်းတို့အိမ်ရောက်နေပြီ.. ။

" ဂွန်း.. စောနက အန်တီပြောတာ ဂွန်းကိုကိုဒီနေ့စာမေးပွဲနောက်ဆုံးရက်ဆို "

" ဟုတ်တယ်လေ ဘာဖြစ်လို့လဲ.. "

" အိမ်များ စောစောပြန်လာမှာလားလို့ မေးကြည့်တာပါ.. "

" ဘာလဲ.. ကိုကို့ကို ကြောက်နေတာလား ဟားဟား "

ဂွန်းက ဘယ်လိုတွေးလိုက်လို့.. ။

" ဟာ ကျွန်တော်ပြောတာမှန်လို့ လန့်ပြီးမျက်လုံးတွေပြူ းထွက်လာတာလား.. "

" ဘာကို.. "

" ဟိုတစ်ခါ ကိုကိုနဲ့တွေ့ကတည်းက နိုနို ကိုကို့ကိုကြောက်သွားတာ ကျွန်တော်သိပါတယ်နော်.. ဘယ်လောက် လန့်သွားလဲ ဆိုခလုတ်တိုက်တဲ့ထိပဲ ဟားဟား "

" .......... "

" စိတ်မပူပါနဲ့ဗျာ.. ကိုကိုက အစောပြန်မလာဘူး သူ့သူငယ်ချင်းတွေလည်းသွားလည်အုံးမှာ ဒီနေ့ပြန်လာတာနောက်ကျအုံးမှာ.. နိုနိုအိမ်မှာအေးဆေးနေလို့ရသေးတယ် ရှောင်ပြေးစရာမလိုပါဘူး"

" ဟွန်.. အင် "

ဂွန်းက သူ့ကိုကိုကို နိုနိုရှောင်ချင်လို့မေးနေတာလို့ ထင်နေတာပဲ.. ။

ထားပါလေ ဘယ်လိုထင်ထင်ပေါ့.. ။

အရေးတကြီးပြန်ရှင်းပြနေစရာမှ မလိုဘဲ ။

ဒါနဲ့..

ဒီနေ့လည်း သွားလည်အုံးမှာဆိုပဲ.. ။

သူ့ကျ လည်စရာ ပတ်စရာ ကုန်ကိုမကုန်နိုင်ဘူး.. ။

နိုနိုတို့ကျ ဘယ်သွားလို့ဘယ်လာရမှန်းမသိတဲ့ပြင် ဘယ်နေရာမှာဘာရှိမှန်းတောင်မသိဘူး.. ။

ပျင်းလည်း ဟိုဘက်အိမ်ဒီဘက်အိမ်ကူး ။

မညီးမငွေ့စကားတွေပြော.. ။

အထပ်ထပ်လာနေတဲ့ မြန်မာဇာတ်ကားတွေပဲကြည့် ။

ဒီထက်ပျင်းရင်လည်း သစ်ပင်ရိပ်အောက်ထွက်ထိုင်ပြီးအချိုရည်သောက် မုန့်စား.. ။

မူဂျီအယ်လ် (Unicode)Where stories live. Discover now