Part (35)

2.8K 83 0
                                    

မူဂျီအယ်လ်

🌸pann

Part (35)

ကိုကိုက သူပြောတဲ့အတိုင်း နားရက်အရရွှေ့လိုက်သည်.. ။

ဒီနေ့တော့ နှစ်ယောက်အတူ မိဘအိမ်သွားဖို့ပြင်ရသည်.. ။

နိုနိုတို့လည်း နားရက်ယူထားတာမို့ မအိတုံကိုလည်းနားရက်ပေးထားလိုက်သည်..။

နှစ်ယောက်သား ဒီမနက်တော့ အစောမထဖြစ်..။

အပျင်းဆွဲပြီး နားရက်မှာအဝစိတ်ရောလူပါနားနေလိုက်တာ.. ။

မနက်ပိုင်း ဆယ်နာရီကျော်ကျော်မှ အိမ်ကထွက်ဖို့တိုင်ပင်ထားကြတာ..

နိုနိုကတော့ အဝတ်လဲပြီးနေပါပြီ..။

ကိုကိုကတော့ အခုထိပြင်လို့မပြီးသေးဘူး..

" ကိုကိုရေ.. ကိုကို မပြီးသေးဘူးလား နေပူနေပြီနော် "

အောက်ထပ်ကနေ အပေါ်ကို လှမ်းအော်ရသည်..။

" ကိုကိုရေ.. "

" ဝေ့.. လာပြီ လာပြီ "

အသံတော့ ပေးလာပါရဲ့.. ။

" လာပါပြီကွာ.. ဇွတ်အော်နေတာပဲ "

သူ့ရှပ်အင်္ကျီကြယ်သီးတပ်နေရင်း ဆင်းလာပြီ..။

" အော်မှာပေါ့.. နေကတဖြေးဖြေး ပူနေပြီ ကိုကိုကမပြီးတော့ဘူး ပြီးနေပူတယ်လေးဘာလေးညီးတာကကိုကိုပဲ "

" ကားနဲ့သွားမှာပဲဟာ.. အဲကွန်း လေးဖွင့် ဇိမ်ပဲ"

" ဟွင့်.. အပိုက ပြောပြန်ပြီ ဖျတ် ဖယ် "

ကိုကိုက အနားရောက်လာတော့ ကိုကို့လက်ကိုရိုက်ကာ လက်ကိုဖယ်ခိုင်းရသည်..။

ကိုကိုကတော့ အပေါ်သွားလေးတွေပေါ်တဲ့ထိပြုံးရယ်နေတာ..

နိုနိုကတော့ မျက်စောင်းလေးပစ်ရင်း ကြယ်သီးဆက်တွယ်ပေးရသည်.. ။

" လက်ရော ခေါက်မှာမလား.. "

" အွန်း.. ပူတယ် "

တွေ့တယ်မလား.. အပြင်ကမထွက်ရသေးဘူး ပူတယ်ဆိုတာကထွက်လာပြီကို ။

ဒီထက်နေမြင့်ရင် ညီးလိုက်မယ့်အသံတွေ..

ဒါတွေကြိုသိနေလို့ကိုယ့်မှာ အော်ခေါ်ထားရတာ..။

မူဂျီအယ်လ် (Unicode)Dove le storie prendono vita. Scoprilo ora