Lighting Design Layers
Layers ၃ ခုရှိပါတယ်
၁။ General or Ambient lighting
အတွင်းပိုင်းအေရိယာကို လင်းလင်းထင်းထင်းဖြစ်အောင် ထွန်းတဲ့အခါမှာသုံးပါတယ်။ဥပမာအခန်းတစ်ခန်းကို lightingဆင်မယ်ဆို တစ်ခန်းလုံးလင်းစေမဲ့ အဓိကမီးလုံးလိုမျိုးသဘောပါ။တစ်ခန်းလုံးကောင်းကောင်းမြင်ရလောက်အောင်လင်းတဲ့lightingမျိုးပါ။
၂။ Task Lighting
သီးသန့်အေရိယာတွေကို အလင်းတိုက်ရိုက်ထိုးပေးတာ ဖြစ်ပါတယ်။ အရာဝတ္ထုတွေ၊ ပစ္စည်းတွေကို အသေးစိတ် ကြည့်နိုင်ဖို့နဲ့ ပိုပြီးသေချာ ထင်ရှားစေဖို့ သုံးပါတယ်။ အနီးကပ်ကြည့်ပြီး အလုပ်လုပ်ရသောနေရာတွေ ဥပမာ ဟင်းချက်တာ၊ စက်ချုပ်တာ၊ ပုံဆွဲတာ၊ စာရေးတာ အဲ့လိုနေရာတွေမှာ သုံးပါတယ်။
၃။ Accent Lighting
တစ်ချို့ featureတွေကို ထင်းနေစေဖို့နဲ့ ပစ္စည်းတစ်ခု၊အေရိယာတစ်ခုကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ခင်းကျင်းတဲ့အခါမှာ သုံးပါတယ်။