Art Gallery အတွက်အခြေခံကျသော Lighting သဘောတရားများ
ဖန်တီးမှုအနုပညာဟာ လူနေမှုဘ၀တွေ၊ စိတ်ကူးစိတ်သန်းတွေကို ပြောင်းလဲမှု အပေးနိုင်ဆုံး ဆေးစွမ်းတစ်လက်ပါ။အဲ့ဒီအနုပညာအတွက် ငွေကြေးရင်းနှီးမှုကြီးမားသလို နှလုံးသားရင်းနှီးမြုပ်နှံမှုတွေကိုလည်းချန်ထားလို့မရနိုင်ပါဘူး။Art Gallery တွေထဲက ဆေးစုတ်ချက်တွေဟာ အရမ်းတန်ဖိုးကြီးမားသလို အစားထိုးလို့လည်းမရနိုင်ပါဘူး။ အဲ့ဒီအနုပညာဆေးစုတ်ချက်တွေကို မှန်မှန်ကန်ကန်အလင်းပေးနိုင်ဖို့ဆိုတာလည်း အရေးကြီးဆုံးအရာတခုပါ။Art Gallery တွေရဲ့ အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုကတော့ ပန်းချီကားတွေကို အလင်းပေးခြင်းအနုပညာနဲ့ ရုပ်လုံးကြွလာအောင် ဘယ်လိုပံ့ပိုးပေးရမလဲ ? ဆိုတာပါပဲ။ဆက်လက်ပြီးတော့ အနုပညာ ပန်းချီပြခန်းတစ်ခုနဲ့ပက်သက်ပြီး Lighting ရွေးချယ်ရာမှာထည့်သွင်း စဉ်းစားရမယ့် အချက်တွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
(၁) အသုံးများသော art work lighting solution
Art Gallery တွေအတွက် အသုံးအများဆုံးLighting ပေးတဲ့ပုံစံကတော့ ချိတ်ဆွဲထားတဲ့ပန်းချီကားချပ်တွေပေါ်ကို ceiling mounted accent light ကိုသုံးပြီး Direct အလင်းပေးခြင်းပဲဖြစ်ပါတယ်။ Ceiling mounted accent light ဆိုတာ မျက်နှာကြက်(Ceiling)ပေါ်ကနေပြီး အလင်းပေးချင်တဲ့Object တစ်ခု (ဒါမှမဟုတ်) Area တစ်ခုကို Focus ထားအလင်းပေးလို့ရတဲ့ Lighting Fixture အမျိုးအစားပဲ ဖြစ်ပါတယ်။ ပန်းချီကားချပ်များနှင့်ရှေးဟောင်း ပစ္စည်းများကို Focus ထားအလင်းပေးတဲ့နေရာမျိုးတွေမှာ Ceiling mounted accent light များကိုအသုံးများပါတယ်။(၂) Art Gallery အတွက် Color Temperature & CRI
Art Gallery တွေအတွက် အသင့်တော်ဆုံး color temperature range သည် 2000Kနှင့် 3000K ကြားဖြစ်ပါတယ်။ အဲ့ဒီ color temperature range နှုန်းကသာ ပန်းချီဆရာများပုံဖော်ပြသထားသည့်အရောင်အတိုင်း အလွဲအချော်မရှိ ထင်ရှားပေါ်လွင်အောင် ပံ့ပိုးကူညီပေးနိုင်မှာပါ။ Color Rendering Index (CRI)အနေနဲ့ဆိုရင်တော့80ထက်ကျော်လေ Art Gallery တွေအတွက်အဆင်ပြေ လေဖြစ်ပါတယ်။ (Colour Temperature Chart နဲ့ Color Rendering Index (CRI) ကိုစာအဆုံးမှာ ပုံလေးနဲ့လည်း သီးသန့်ဖော်ပြပေးထားပါတယ်...)(၃)ဆီဆေးပန်းချီကားတွေအတွက် အသင့်တော်ဆုံး Lighting Solution
ဆီဆေးပန်းချီကားတွေနဲ့ရေဆေးပန်းချီကားတွေကို တူညီတဲ့Lighting Solution တစ်ခုတည်းနဲ့ provideလုပ်လို့မရပါဘူး။ ဆီဆေးပန်းချီကားချပ်တွေကိုအလင်းပေးတဲ့အခါ ဆီဆေးနှင့် အလင်းရိုက်ခြင်းကြောင့်ဖြစ်လာမယ့် Glare ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ အလင်းပြန်ခြင်း(Glare)ဒဏ်မှကာကွယ်ဖို့အတွက်ဆိုရင် ပန်းချီကားချိတ်ရမယ့်Positionကိုလည်း လျစ်လျူရှု ထားလို့မရပါဘူး ။ LED lighting fixture တွေ ထဲကမှ Track light ၊Sport light and recessed light တွေဟာ ဆီဆေးပန်းချီကားတွေကို အလင်းပေးရာမှာ အကောင်းဆုံးနဲ့အသင့်တော်ဆုံးရွေးချယ်မှုပါ။
အလင်းပြန်ခြင်း(Glare)ဒဏ်မှကာကွယ်ဖို့အတွက်ဆိုရင် ပန်းချီကားချိတ်ရမယ့် Positionကိုလည်း ချန်ထားခဲ့လို့မရပါဘူး ။ ပန်းချီကားချပ်ရဲ့အလယ်center ဟာ Floor level မှ 1.5mခန့်သာရှိရမှာဖြစ်ပီး အလင်းပေးချင်တဲ့ပန်းချီကားနှင့် မီးလုံးအကွာအဝေးဟာ ပန်းချီကားချပ်အပေါ်ဘောင်မှ ceiling (မျက်နှာကြက်)ကို 30° (degree)ရိုက်သည့်နေရာမှာ Lighting fixture ကိုနေရာချသင့်ပါတယ်။ Lighting fixture အမျိုးအစားအများကြီးရှိသည့် အနက် LED lighting fixtures တွေဟာ Cancer ကိုဖြစ်စေနိုင်တဲ့ခရမ်းလွန်ရောင်ချည် ၊အနီအောက်ရောင်ချည်လှိုင်းတွေနဲ့အပူတွေကို မထုတ်လွှတ်နိုင်ပါဘူး။ ဒါကြောင့် တန်ဖိုးကြီးလှတဲ့Artwork တွေအတွက် အကောင်းဆုံးရွေးချယ်မှုဟာ LED lighting fixtures တွေပဲဖြစ်ပါတယ်။
YOU ARE READING
Interior Lighting အကြောင်းစလေ့လာရအောင်
Non-FictionProfessionalမဟုတ်ပါ။သိသလောက်ကိုnotebookသဘောပြန်ကြည့်လို့ရအောင်ရေးခြင်းဖြစ်သည်။