Streetlights
လမ်းမီးများStreetlights အကြောင်းကိုလေ့လာနေရင်း
စိတ်ဝင်စားလာတယ်။တကယ်တော့ မိမိလုပ်ရမည်က ပေးထားသည့် drawing အရ အရေအတွက်ကောက်ပြီး ပစ္စည်းတွေကို supplier ဆီက sample တောင်း
ရွေးရမည်သာပါ။Street Lighting Design တွေကိုလုပ်ရခြင်းရည်ရွယ်ချက်က
👉 ညအချိန် သွားလာကြသည့်အခါ
အန္တာရယ်နည်းသွားအောင်
👉အဆောက်အအုံများကို ခိုးဆိုးလုနှိုက်ရန်မှ
လွတ်ကင်းရအောင်
👉ညအချိန် ပြစ်မှုကြီး/ငယ်များ လျှော့ကျအောင်
👉လုံခြုံစေသည့် ပက်ဝန်းကျင်ဖြစ်စေအောင်အလို့ငှာ လမ်းမီးများကို design ပြုလုပ်ပြီး ဆောင်ရွက်ကြသည်။
Streetlights အမျိုးမျိုးရှိတယ်။
Fitting တပ်ဆင်မှုအမျိုးမျိုး ၊ light source အမျိုးမျိုး ၊ lamp poles အမျိုးမျိုး ၊ lamp housing အမျိုးမျိုး ၊ lamp arms အမျိုးမျိုး ၊ အမြင့်အမျိုးမျိုးဖြင့် တွေ့ရမည်ဖြစ်ပါသည်။သတိထားရမှာတွေရှိတယ် ။
👉 Foundation Detail
👉 Pole detail
👉တိုင်အပေါ် သက်ရောက်မည့်လေတိုက်ခက်မှု
👉ပြီးရင်တော့ Safety factor
ဒီအပိုင်းတွေက physical အပိုင်းကြံ့ခိုင်ရေး သိပ်အရေးကြီးပါတယ်။Electrical အပိုင်းဘက် အလင်းရောင် ရရှိရေးဖြစ်လို့
Illuminance Method
အလင်းအားစုစုပေါင်းကို recommend ပေးထားသော
6 Lux to 10 Lux ကြားထဲမှာထားတွက်လေ့ရှိကြတယ်။လမ်း၏ အခြေအနေအလိုက် အလင်းရောင်အားကို ထည့်တွက်ကြသည်။
ဥပမာ - platform ရှိသည့် နေရာ
ပါရင် 20 Lux ထားတွက်တာမျိုး ၊ လမ်ဖြတ်လိုနေရာမျိုး (crosswalks ) ရှိသည့်နေရာတွေမှာ 40 Lux
ထားတွက်တာမျိုး ၊ Bus stop ကားမှတ်တိုင်ရှိသည့်နေရာမျိုးတွေမှာ 25 Lux ထားပေးတာမျိုး
တွေ ရှိပါတယ်။ဆရာနဲ့ စကားစပ်မိရင်း
ဆရာကပြောဖြစ်တယ်
လမ်းမီးတပ်ဆင်ရေးတွေမှာ များစွာပါဝင်ဆောင်ရွက်ခဲ့သည့်အခါ lamp post အကွာအဝေး တွေကို အရင်နေရာချကြတာများတယ်။ဥပမာ - နေပြည်တော် လမ်းတွေမှာ လမ်းမီးတိုင်တွေကြည့်ရင် span တိုင်တစ်တိုင်နှင့်တစ်တိုင် အကွာအဝေး ပေ ၁၀၀ ထားတာကို တွေ့လိမ့်မည်။Lamp ၏ Power source တွေရှိသည့်အထဲက အရင်တုန်းက အသုံးများတာက Sodium Street lamp တွေသုံးကြတယ်။ နေပြည်တော်တစ်ခွင်လမ်းတွေမှာ sodium
Street Lamp (high pressure sodium lamp)တွေများတယ် ၊ နောက်ပိုင်း ၂၀၁၃ လောက်ရောက်မှ LED Street lamp တွေသုံးလာတာ သတိထားမိပါလိမ့်မယ်။
YOU ARE READING
Interior Lighting အကြောင်းစလေ့လာရအောင်
Non-FictionProfessionalမဟုတ်ပါ။သိသလောက်ကိုnotebookသဘောပြန်ကြည့်လို့ရအောင်ရေးခြင်းဖြစ်သည်။