part 35

3 0 0
                                    

# Lighting Design လေ့လာသူများအတွက်#
LIGHTING FOR LIFE (အပိုင်း-၅)
လူ နှင့် အလင်း (ယခင်အပါတ်မှ အဆက်)

အမှန်တကယ်တော့ လူနဲ့ အလင်းရဲ့ ဆက်စပ်မှုက
ကျွှန်တော်တို့ထင်တာထက် အများကြီး ကျယ်ပြန့်
ရှည်ကြာလှပါပြီ။

Light as Instruction:

လူသားမျိုးနွယ်ဟာ မီးကို စတင် မတွေ့ရှိသေးခင်
သူ့အတွက် အလင်းဆိုတာ နေရောင်ခြည်နဲ့
လပြည့်ညရဲ့ အလင်းရောင်တွေပါဘဲ။
အဲ့ဒီလို အချိန်ကတည်းက အလင်းဟာ
လူသားတွေ အပေါ် လွှမ်းမိုးမှု ရှိခဲ့ပါတယ်။
လူသားတွေရဲ့ အမူအကျင့် လုပ်ငန်းဆောင်တာ
တွေမှာ အလင်းရဲ့ပါ၀င်ပတ်သက်မှု
တစုံတရာ ရှိနေပါတယ်။ အရုဏ်တက်ချိန်၊
မွန်းတည့်ချိန်၊နေ၀င်ချိန် ၊လပြည့်ည အဲ့ဒီလို
အလင်းရောင် အနည်းအများ ပြောင်းလဲသွားတဲ့
အချိန်တွေ အပေါ်မူတည်ပြီး လူသားရဲ့ နေ့စဉ်
လုပ်ငန်းဆောင်တာ တွေကို ပြုမူ လှုပ်ရှား
ဆောင်ရွက် ကြရပါတယ်။ သဘာ၀ကပေးတဲ့
ခန္ဒာကိုယ်တည်ဆောက်ပုံ အရ လူသားမှာ
ညဘက် မြင်နိုင်စွမ်းမရှိပါ။

ရှေးဦး လူသားဟာ မနက် အလင်းရောင်
လာတဲ့ အချိန် အိပ်ရာနိုးထမယ်။ အစာရှာဖွေ
ထွက်မယ်။ အလင်းရောင် မပျောက်ခင် သူ
နေထိုင်တဲ့ နေရာ ဒါမှမဟုတ် သူ့ဂူကို
ရောက်အောင်ပြန်ရမယ်။ အလင်းရောင်ဟာ
သူ့ နေ့စဉ်လှုပ်ရှားမှုရဲ့ လမ်းညွှန်ချက်ပါဘဲ။
မီးကို စတင်တွေ့ရှိတဲ့ အခါ လူသားနဲ့ အလင်းရဲ့
ပတ်သက်မှုက ပိုပြီး များပြားလာပါတယ်။
ပညာရှင်တွေရဲ့ခန့်မှန်းချက်အရ လွန်ခဲ့တဲ့
နှစ်ပေါင်း ၈သိန်းခန့်ကတည်းက လူသားတွေဟာ
မီးကို စတင် အသုံးပြုနေကြပါပြီး။ ပိုသေချာတဲ့
ခန့်မှန်းချက်ကတော့ နှစ်ပေါင်း ၆သိန်းမှာ လူသားဟာ
မီးကို ကောင်းကောင်း ပြုလုပ်ဖန်တီး အသုံးချနေပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ သိန်းမှာ
ကမ္ဘာပေါ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဒုတိယရေခဲခေတ်ကို
လူသားဟာ မီးမပါဘဲ ဘယ်လိုမှ ရှင်သန် ရပ်တည်
နိုင်မှာ မဟုတ်လို့်ပါ။

ဒါဆိုမီးကရတဲ့ အလင်းရောင်ကရော လူသားတွေကို
ဘာတွေလွှမ်းမိုးခဲ့ပါသလဲ?

Interior Lighting အကြောင်းစ​လေ့လာရ​အောင်Where stories live. Discover now