Interior Lighting Design by Gray Gordon Fies, Fiald, LC (Part-2)
အလင်းနှင့်ဆိုင်သော စိတ်ပညာသဘောတရားအလင်း အမှောင် ဖန်တီးချက် ဒီဂရီ
အလင်းအမှောင် ဖန်တီးချက် ဒီဂရီ အနည်းအများသည်လည်း သီချင်းဖွင့်ထား သကဲ့သို့ပင် စိတ်ခံစားမှုကို လှုံ့ဆော်ပေး သည့်အပြင် လုပ်ငန်းတာ၀န် လုပ်ဆောင်ရာတွင် စွမ်းဆောင်ရည်ကို ပိုမို မြင့်မားစေသည်။ အလုပ်တွင်လည်းကောင်း၊အားကစားလုပ်ဆောင်ရာတွင် လည်းကောင်း လူတို့၏ စွမ်းဆောင်ရည်အပေါ် လွှမ်းမိုးမှုရှိပြီးကျွှန်ုပ်တို့၏ကျေနပ်နှစ်သိမ့်မှုနှင့်ပျှော်ရွှင်မှုအပေါ်အကျိုးသက်ရောက်မှု ရှိပါသည်။
အလင်းဒီဇိုင်းပြုလုပ်ရာတွင် ပထမဆုံး အဆင့် မှာ အလင်းဒီဇိုင်းပြုလုပ်မည့် နေရာသည့် မည်သည့် လုပ်ဆောင်မှုများ ပြုလုပ်မည့် နေရာဖြစ်သည်ဟူသော အချက်ကို ဆန်းစစ်ရခြင်းဖြစ်သည်။ဒုတိယ အဆင့် မှာ ထိုနေရာ၌ လုပ်ဆောင်မည့် လုပ်ဆောင်မှုများအတွက် စိတ်ခံစားမှုကို လှုံ့ဆော်ရန် ဖန်တီးမှု အနည်းငယ်သာလိုအပ်သည် (သို့မဟုတ်) အများအပြားလိုအပ်သည်ကို ဆုံးဖြတ်ရခြင်းဖြစ်သည်။တတိယ အဆင့်မှာ လိုအပ်သည့် စိတ်ခံစားမှု ကို လှုံ့ဆော်ပေးရန် အလင်း အမှောင် ဖန်တီးချက် မည်မျှများများ ပြုလုပ်ရမည်ကို သတ်မှတ်ဆုံးဖြတ်ရခြင်းဖြစ်ပါသည်။
အလင်း အမှောင် ဖန်တီးချက် ပြုလုပ်ခြင်းဆိုသည်မှာ အသားပေး ဖေါ်ပြလိုသော မျက်နှာပြင် နှင့် အရာ၀တ္ထုများ ကို ရွေးချယ် အလင်းကျရောက်စေကာ နောက်ခံပတ်၀န်းကျင်ကို အမှောင်ရိပ်ကျစေခြင်းဖြင့် အလင်းကွက်နှင့် ၎င်း၏ အရိပ်တို့ကို ဖန်တီးခြင်းဖြစ်သည်။ထိုသို့ အသားပေး ဖေါ်ပြခြင်း သည် နောက်ခံမြင် ကွင်းနှင့် အနီးမြင်ကွင်း အကြား ဆက်စပ်မှုကို ဖြစ်ပေါ်စေသည်။အလင်း အမှောင် ကွာခြားမှု နည်းပါးသော ပတ်၀န်းကျင် (Low-Contrast Enviroment)
အကယ်၍ အခန်းအတွင်းရှိ မျက်နှာပြင်နှင့် အရာ၀တ္ထုအားလုံးတွင် တူညီသော အလင်းကျရောက် စေပါက နောက်ခံမြင်ကွင်း နှင့် အနီးမြင်ကွင်း အကြား သိသာသော အလင်း အမှောင် ကွာခြားချက် ရှိမည် မဟုတ်ပေ။ထိုသို့ အခြေအနေရှိသော ပတ်၀န်းကျင်ကို Low-Contrast Enviroment ဟုခေါ်ဆိုပါသည်။ ထိုသို့ အလင်း အမှောင် ကွာခြားမှုနည်းပါးသော ပတ်၀န်းကျင်သည် စိတ်ခံစားမှုကို လှုံ့ဆော်နိုင်စွမ်း နည်း ပါးပြီး ၎င်း နေရာမျိုးသည် တည်ငြိမ်သော(Neutral) သဘောကိုဆောင်ပါသည်။
နေရာတစ်နေရာတွင် တပ်ဆင်ထားသော မီးသီး မီးချောင်းများ အနက် Diffuse Light အရေ အတွက်ကများပြီး Focus Light အရေအတွက်က နည်းပါးပါက အလင်းအမှောင် ကွာခြားမှု နည်းပါးသော ပတ်၀န်းကျင်ကို ဖြစ်ပေါ်စေသည်။Low-Contrast Lighting System များကို ရှင်းလင်းလွယ်ကူစွာ ကြည့်ရှု နိုင်ရန် လိုအပ်သောနေရာများ၊ အလင်းရောင် မျှတစွာ ရရှိရန်လိုအပ်သော အလုပ်ခန်းများ အတွက် အသုံး ပြုလေ့ရှိကြပါသည်။Diffuse Light များသည် အလင်းညီမျှစွာ ပျံ့နှံစေသောကြောင့် ကောင်းစွာ မြင်နိုင်ရန် အထူးလိုအပ်သော အလုပ်နေရာများအတွက် သင့်လျော်ပါသည်။Diffuse Light များအား Overhead တပ် ဆင်ထားသော နေရာများသည် အလင်းအမှောင် ကွာခြားမှု (Contrast)ကို လျှော့ချပေးပြီး အားကောင်း သော Diffuse Light များသည် အမှောင်ရိပ်(အရိပ်) ကင်းမဲ့သော ပတ်၀န်းကျင်ကို ဖြစ်ပေါ်စေသည်။ထိုသို့ အခြေအနေမျိုးတွင် အသွင်သဏ္ဍာန်များ၏ မျက်နှာပြင် အကြမ်း အနု ၊အနိမ့်အမြင့်၊ အဖုအထစ် စသည့် တို့ကို ပုံဖော်နိုင်မှု စက္ခုအာရုံ အားနည်းစေပါသည်။သို့သော်လည်း Low-Contrast Lighting သည် အလုပ်ခန်းများ အတွက် အလင်းရောင်ပေးရန် သင့်လျော်သဖြင့် စိတ်ပညာဆိုင်ရာရှုထောင့်အရ ငြီးငွေ့မှုကို လှုံဆော်ပေးသည့် အားနည်းချက်ရှိသည့်တိုင်အောင် ၎င်းကို လျှစ်လျူရှု၍ အသုံးပြုကြပါသည်။
Crd
YOU ARE READING
Interior Lighting အကြောင်းစလေ့လာရအောင်
Non-FictionProfessionalမဟုတ်ပါ။သိသလောက်ကိုnotebookသဘောပြန်ကြည့်လို့ရအောင်ရေးခြင်းဖြစ်သည်။