# Lighting Design လေ့လာသူများအတွက်#
LIGHTING FOR LIFE (အပိုင်း-၆)
အလင်း၏ သွင်ပြင် လက္ခဏာများLight Intensity;Bright vs Dark
အလင်းရဲ့ သွင်ပြင် လက္ခဏာတွေထဲမှာ
Light Intensity က အလွယ်တကူ
မြင်သာ နားလည်လွယ်တဲ့ အကြောင်း
အရာဖြစ်ပါတယ်။
ဒီအရာဟာ မီးဖွင့်မလား၊မီးပိတ်မလားရဲ့
နောက်တဆင့်ဖြစ်တဲ့ အလင်းနဲနဲပေးမလား
အလင်းများများ ပေးမလား ဆိုတာပါဘဲ။
ကျွှန်တော်တို့ဟာ အလင်းမှိန်မှိန်ကို
သက်တောင့်သက်သာရှိမှု၊လိင်စိတ်၊
ဖော်ရွှေကျွှမ်း၀င်မှု၊တကိုယ်ရေပတ်၀န်းကျင်
စတာတွေနဲ့ ဆက်စပ်ခံစားလေ့ရှိကြပြီး
အလင်းများများပေးထားတဲ့ နေရာကို
နိုးကြားတက်ကြွမှု၊မြင်သာထင်သာရှိမှု၊
အများနှင့် သက်ဆိုင်မှု၊လှုပ်ရှားသက်၀င်မှု၊
တို့နဲ့ အဓိပ္ခါယ်ဖော်လေ့ရှိကြပါတယ်။Light Colour; Warm vs Cool
ယခုခေတ်ကာလမှာ မီးသီး/မီးချောင်း
ထုတ်လုပ်တဲ့ ကုမ္မဏီတွေဟာ အလင်း
အရောင် အမျိုးမျိုးနဲ့ အမျိုးအစား ခွဲခြား
ထုတ်လုပ်ကြပါတယ်။
Day Light, Warm Light,Cool Light
စသဖြင့်ပေါ.။
ဒါ့အပြင် အရောင်စိုစို ဒါမှမဟုတ်
အရောင် တောက်တောက် ဒါမှမဟုတ်
အရောင်မှိန်မှိန် စသဖြင့်လည်း ခွဲခြား
ထုတ်လုပ်ကြပါသေးတယ်။
ဘာဖြစ်လို့လဲဆိုတော့ Lighting
Designer တွေ အနေနဲ့ အလင်းရဲ့
အရောင်ကို အသုံးပြုပြီး စိတ်ကြိုက်
ပတ်၀န်းကျင်တခု ဖန်တီးနိုင်အောင်
ဖြစ်ပါတယ်။အလင်းကထွက်တဲ့ အရောင်ဟာ
လူတယောက်ရဲ့ အတွေအကြုံ
ထုံးတမ်းဓလေ့နောက်ခံနဲ့ အခြေအနေ
အပေါ်မူတည်ပြီး စိတ်ခံစားမှု အမျိုးမျိုး
ကို စေ့ဆော်ပေးပါတယ်။
လူတယောက်ကို သက်တောင့်သက်သာ
ခံစားမှုမျိုး ရရှိစေပြီး နေရာတစ်နေရာက
ထွက်မသွားနိုင်အောင် ဆွဲဆောင်
ထားနိုင်မှာလား၊ ဒါမှမဟုတ် ကြာကြာ
နေချင်စိတ်မရှိအောင် ဆွဲဆောင်မှု
ကင်းမဲ့စေမှာလားဆိုတာ အလင်းရဲ့
အရောင်က ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။အဝါရောင်၊အနီရောင်စတဲ့ Warm Light
အရောင်တွေက တည်ငြိမ်အေးဆေးမှု၊
သက်တောင့်သက်သာဖြစ်မှုနဲ့၊လေးကန်
နှေးကွေးမှု စိတ်ခံစားချက်တွေကို စေ့ဆော်
ပေးပြီး၊ Cool Light အရောင်တွေ ဖြစ်တဲ့
အပြာရောင်၊အစိမ်းရောင် စတဲ့ အရောင်တွေ
ကတော့ လှုပ်ရှားတက်ကြွမှုနဲ့နိုးကြားမှု
တို့ကို စေ့ဆော်ပေးပါတယ်။
YOU ARE READING
Interior Lighting အကြောင်းစလေ့လာရအောင်
Non-FictionProfessionalမဟုတ်ပါ။သိသလောက်ကိုnotebookသဘောပြန်ကြည့်လို့ရအောင်ရေးခြင်းဖြစ်သည်။