# Lighting Design လေ့လာသူများအတွက်#
LIGHTING FOR LIFE (အပိုင်း-၉)
Design By Layersအလင်းဒီဇိုင်း ပြုလုပ်ခြင်းဟာ အနုပညာ အမြင်
ရှိဖို့လိုတယ်ဆိုပေမယ့် အနုပညာ စစ်စစ်တော့
မဟုတ်ပါဘူး။ ပန်းချီကားတွေ၊ ဂီတတေးသွားတွေ
စတဲ့ အနုပညာ စစ်စစ်တွေဟာ ဖန်တီးသူရဲ့ စိတ်အာရုံ
၀င်စားမှုနဲ့ ဆန်းသစ်ဖန်တီးမှု ပေါက်ကွဲခြင်းတွေ ကနေ
ဖြစ်ပေါ်လာတာများပေမယ့် အလင်းဒီဇိုင်းပြုလုပ်ခြင်းကတော့
လုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ သွားရတဲ့ လမ်းကြောင်းဖြစ်ပြီး
ဆန်းသစ် ဖန်တီးမှုနဲ့ အနုပညာ အမြင်တွေကို အဲ့ဒီ
လုပ်ငန်းစဉ်ရဲ့ တဆင့်ခြင်းစီမှာမှ ဖြည့်စွက်
ပေါင်းထည့် ဖန်တီးရတာ ဖြစ်ပါတယ်။ဒီဇိုင်းပြုလုပ်ရခြင်းရဲ့ ပျော်ဖို့ကောင်းတဲ့ အချက်က
မှားတဲ့ ဒီဇိုင်းဆိုတာ မရှိတာပါဘဲ။ဟုတ်ပါတယ်။
မပြည့်စုံတဲ့ ဒီဇိုင်းသာရှိပါတယ်။ အဲ့လိုပါဘဲ
လုံးဝြပည့်စုံတဲ့ ဒီဇိုင်း ဆိုတာလဲ မရှိပါဘူး။
အားလုံး Perfect ဖြစ်နေတဲ့ ဒီဇိုင်း တခုဟာ
အနည်းဆုံးတော့ ကုန်ကျစရိတ် ကြီးမြင့်တဲ့
အားနည်းချက် ရှိနေပါလ်ိမ့်မယ်။အလင်းဒီဇိုင်းလုပ်တဲ့ အခါ Brainstorm က
ရလာတဲ့ Idea တခုခြင်းဆီကို အဆင့်ဆင့်
စစ်ထုတ်ပြီး ထိပ်ဆုံးရောက်လာတဲ့ Idea ကို
အသုံးချရမှာပါ။အဲ့ဒီလို အသုံးချတဲ့ အခါမှာလည်း အလင်းအားလုံး
စုပြုံထည့်တာမျိုး မလုပ်ဘဲနဲ့ ဒီဇိုင်း လိုအပ်ချက်
အလိုက် အလင်းတမျိုးစီဖြည့် ကြည့်လိုက်
မီးထွန်းကြည့်လိုက် လုပ်ကြည့်ရမှာပါ။အဲ့လိုကြည့်မှသာ အလင်း တခုခြင်းစီကြောင့်
အခန်းကို ဘယ်လို အမြင်ပြောင်းသွားစေသလဲ။
ကျွှန်တော်တို့ ဒီဇိုင်းလိုအပ်ချက်ကို အဲ့ဒီ အလင်းက
အားဖြည့်ပေးနေတာလား ၊ဖျက်ဆီးပစ်နေတာလား
သိရမှာ ဖြစ်ပါတယ်။ ဒါတွေကို Dialux နဲ့ အလားတူ
Software တွေနဲ့ လုပ်ကြည့်လို့ရပါတယ်။ပြီးတော့ ကျွှန်တော်တို့ ထည့်သမျှ အလင်းတခုစီ
မှာ သူ့ ရည်ရွယ်ချက်နဲ့ သူရှိသင့်ပါတယ်။
ဆန်းသစ်တီထွင် ဖန်တီးမှုတွေ ထည့်မယ်
ဆိုရင်တောင် ဖန်တီးမှုတိုင်းမှာ ရည်ရွယ်ချက်
ရှိရပါမယ်။
YOU ARE READING
Interior Lighting အကြောင်းစလေ့လာရအောင်
Non-FictionProfessionalမဟုတ်ပါ။သိသလောက်ကိုnotebookသဘောပြန်ကြည့်လို့ရအောင်ရေးခြင်းဖြစ်သည်။