အလင်းပမာဏနှင့် အလင်းတွက်ချက်ခြင်း
Lighting Design Calculationအရာဝတ္ထုတခုကိုရှင်းလင်းစွာမြင်ရဖို့ဆိုတာ မျက်လုံးကလက်ခံနိုင်တဲ့ လုံလောက်တဲ့အလင်းအားလိုအပ်ပါတယ်။အလင်း၊အလင်းလို့ပြောလိုက်တာနဲ့တောက်ပမှုကိုအခြေ ခံတယ်ဆိုတာလူတိုင်းသဘာပေါက်ကြပါတယ်။အယ်ဒီဆင်ဟာ1879ခုနှစ်မှာ ကမ္ဘာ့ပထမဆုံးမီးသီးကိုတီထွင်ခဲ့ပါတယ်။လွန်ခဲ့သော130နှစ်ခန့်ကတီထွင်ခဲ့တဲ့ မီးသီးကတော့ ဝါကြံကြံမီးရောင်လေးသာ ဖြစ်ခဲ့ပေမယ့်အခု နောက်ပိုင်း လူသားတွေရဲ့ဆန်းသစ်မှုနဲ့ အတူ အရောင်စုံ အလင်းစုံကို အသုံးပြုနေနိုင်ပြီးဖြစ်ပါတယ်။ လွန်ခဲ့သောနှစ်အနည်းငယ်က color temperature ကိုရွေးချယ်ဖို့အခွင့်အလမ်းအလွန်နည်းခဲ့ပေမယ့် ယခုအချိန်မှာတော့ ရွေးချယ်စရာစျေးကွက်တွေကလည်းများပြားလာပြီဖြစ်လို့ စိတ်ကြိုက် ရွေးချယ်အသုံးပြုနိုင်ပါပြီ။Color Temperature နဲ့ပတ်သက်ပြီး လူတွေရဲ့လိုအပ်ချက်အရ လင်းလင်းထိန်ထိန်အသုံးပြုမလား။သာမန်မြင်ရရုံအသုံးပြုမလား။ခပ်မှိန်မှိန် ပဲသုံးမလားဆိုတာကိုလည်း စိတ်ကြိုက်ရွေးချယ်နေနိုင်ပါပြီ။ဖုန်းတွေနဲ့လည်းချိတ်ဆက်ပြီး Software ဖြင့်လည်း အလင်းအမှောင် အတိုးအလျော့ ကို ပြောင်းလဲတဲ့နည်းတွေလည်း အသုံးပြုနေကြပါပြီ။
လူနေအိမ်၊အလုပ်နေရာ၊စက်ရုံ၊Super Market၊ဟိုတယ် စသဖြင့်လူတွေအသုံးပြုမည့်နေရာတိုင်းမှာအလင်းလိုအပ်ပါတယ်။အလင်းကိုအသုံးပြုတော့မယ်ဆိုရင်(ဝါယာကြိုး၊breaker)စသည့် တပ်ဆင်မှုအပိုင်းမလုပ်ဆောင်ခင်မှာ ဘယ်နေရာမှာမီးချောင်းအသုံးပြုဖို့ လိုအပ်မလဲ၊အလင်းပွိင့်ဘယ်လောက်ထားမလဲ၊ဘယ်လောက်Wattထားရင် အဆင်ပြေမလဲဆိုတာ ြှကိုတင်လျာထားမှု ရှိရပါမယ်။အဲဒီလိုလျာထားတဲ့အခါမှာ လွဲချော်မှုဖြစ်ခဲ့လျှင် တချို့နေရာတွေက အလင်းအားများပြီး တချို့နေရာက ခပ်မှိန်မှိန်ဖြစ်နေလျှင် လူတွေအတွက်လည်းသက်တောင့်သက်သာ မဖြစ်နိုင်သလို အလင်းအားများလွန်းလျှင်လူတွေရဲ့ မျက်စိကိုထိခိုက်နိုင်ပြီး၊လူတိုင်းကလည်း အလင်းအားများတဲ့နေရာမှာ မျက်လုံးမှေးပြီး ဘယ်သူမှ နေချင်မှာမဟုတ်ပါဘူး။ ရုံးပိုင်းနဲ့ဆိုင်တဲ့နေရာတွေမှာလည်း အလင်းကနည်းနေလျှင် အဆင်မပြေနိုင်ပါဘူး။ဒါကြောင့် အလင်းစွမ်းအင်ကို လိုအပ်တဲ့နေရာမှာလိုအပ်သလောက်သာအသုံးပြုခြင်းဟာ စွမ်းအင်လည်းချွေတာရာရောက်သလို လူတွေအတွက်လည်း သက်တောင့်သက်သာဖြစ်စေပါတယ်။
YOU ARE READING
Interior Lighting အကြောင်းစလေ့လာရအောင်
Non-FictionProfessionalမဟုတ်ပါ။သိသလောက်ကိုnotebookသဘောပြန်ကြည့်လို့ရအောင်ရေးခြင်းဖြစ်သည်။