part 11

16 0 0
                                    

Why is CRI important in our modern life?

📝ကမ္ဘာပေါ်မှာ သက်ရှိတွေအနေနဲ့ ယေဘူယျ အားဖြင့် နည်းလမ်း(၂) နဲ့ အလင်းရောင်ရနိုင်ပါတယ်…

သဘာဝအတိုင်းရနိုင်တဲ့နေအလင်းရောင် (Sunlight) နဲ့ လူတွေတီထွင်ပြီး ရလာတဲ့ lighting ပစ္စည်း တွေကထုတ်ပေးတဲ့ အလင်းတု (Artificial Light)တို့ပဲ ဖြစ်ပါတယ်….. နည်းပညာအခေါ်အဝေါ်အရဆိုရင် အလင်းကိုထုတ်ပေးတဲ့ နေရော lighting ပစ္စည်းတွေကိုရောကို blackbody radiators လို့ခေါ်ပြီး စံနှုန်းသတ်မှတ်ချက်အရ (၁၀၀) ဖြင့်သတ်မှတ်ပါတယ်…..

📝(၈၀) အထက်ရပါက ကောင်းမွန်တဲ့အလင်းတိကျမှုကိုရနိုင်ပြီး ၉၀နဲ့ အထက်အခြေအနေမှာရှိရင်တော့ အလင်းတိကျမှုအကောင်းဆုံးပဲ ဖြစ်ပါတယ်…..
နေနဲ့ lighting ပစ္စည်းတွေ မှ ထွက်လာတဲ့အလင်းရောင်ရဲ့တိကျမှုကို CRI (color rendering index )/Ra နဲ့တိုင်းတာရဖြစ်ပြီး ထွက်လာတဲ့အလင်းရောင်ရဲ့နွေးထွေးမှုကိုတော့ CCT (correlated color temperature)/Color Temperature နဲ့ တိုင်းတာရမှာပါ…. CCTရဲ့ Unit ကတော့ Kelvin(K) ပဲ ဖြစ်ပါတယ်…

📝 Light source တစ်ခုကနေထွက်လာတဲ့ အလင်းရောင်များရဲ့တိကျမှုကို CRI ဆိုတဲ့ အတိုင်းအတာတစ်ခုတည်းနဲ့ ပဲ တိုင်းတာလို့ရမှာပါ…. CRI တန်ဘိုးမြင့်လေလေ အရောင်များရဲ့အရင်းအမြစ်ကို တိကျစွာပုံဖော်ပေးနိုင်လေပဲ ဖြစ်ပါတယ်…. အခြားတစ်ဖက်က စဉ်းစားမယ်ဆိုရင်လည်း CRI တန်ဖိုးနည်းလေလေ သဘာဝမကျတဲ့ အလင်းရောင်များ ပိုထွက်လာနိုင်လေပဲ ဖြစ်ပါတယ်….

ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် CRI မြင့်တဲ့ lighting ပစ္စည်းများ အသုံးပြုထားတဲ့ Fashion shop တွေဟာ တောက်ပပြီး လှပတဲ့အလင်းရောင် ပံ့ပိုးမှုကြောင့် Show ပြထားတဲ့ အထည်များဟာ ဝယ်ချင်စဖွယ်ပုံစံ ဖြစ်နေပါလိမ့်မယ်….
အဲ့လိုပဲ အိမ်တွေ၊ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ CRI မြင့်တဲ့ lighting ပစ္စည်းများ ကို အသုံးပြုထားပါက တတ်ကြွခြင်းနဲ့ ကျန်းမာလန်းဆန်းချင်စဖွယ် ဖြစ်နေမှာပါ…..

📝ဟိုးအရင်တုန်းက အသုံးပြုခဲ့ကြတဲ့ incandescent bulb တွေရဲ့ CRI ထုတ်လွှင့်နိုင်တဲ့ တန်ဖိုးဟာ (၂၄)မှ (၄၉)ကြားလောက်သာရှိပြီး၊ ပြဒါးပါဝင်မှုမြင့်မားတာကြောင့် ကျန်းမာရေးရှုထောင့်ကရော အလင်းရောင်ပံ့ပိုးပေးနိုင်မှု အနေအထားကပါ အဖက်ဖက်က ချို့ယွင်းချက်တွေရှိပါတယ်….

📝 တခေတ်ဆန်းလို့ fluorescent bulb တွေ အသုံးပြုလာချိန်မှာလည်း CRI တန်ဖိုးဟာ (၅၀) မှ(၈၀) ကြားလောက်သာ ထုတ်လွှင့်နိုင်ပြီး ယနေ့ခေတ်မှာတော့ နည်းပညာအရရော ကျန်းမာရေးရှုထောင့်ကပါ အဖက်ဖက်မှ ပြည့်စုံတဲ့ CRI> 85 နှင့် အထက်ရှိ နည်းပညာမြင့် LEDs lighting product တွေအပြိုင်အဆိုင် ထုတ်လုပ်လာကြပြီ ဖြစ်တာကြောင့် သေချာရွေးချယ်ဝယ်ယူနိုင်စေဖို့ ဗဟုသုတရအနေနဲ့ တင်​ပေးလိုက်ပါတယ်။
#crd

📝 တခေတ်ဆန်းလို့ fluorescent bulb တွေ အသုံးပြုလာချိန်မှာလည်း CRI တန်ဖိုးဟာ (၅၀) မှ(၈၀) ကြားလောက်သာ ထုတ်လွှင့်နိုင်ပြီး ယနေ့ခေတ်မှာတော့ နည်းပညာအရရော ကျန်းမာရေးရှုထောင့်ကပါ အဖက်ဖက်မှ ပြည့်စုံတဲ့ CRI> 85 နှင့် အထက်ရှိ နည်းပညာမြင့် LEDs lighting produ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Interior Lighting အကြောင်းစ​လေ့လာရ​အောင်Where stories live. Discover now