part 32

3 1 0
                                    

# Lighting Design လေ့လာသူများအတွက်#
LIGHTING FOR LIFE (အပိုင်း-၈)

Two-Step Procedure for Lighting

Step-1; Light Specific First

Working Place မဟုတ်တဲ့ အခန်းတခန်း၊
နေရာတနေရာကို ဒီဇိုင်းလုပ်တဲ့ နည်းလမ်းများ
ထဲမှာ အခြေခံ အကျဆုံး နည်းလမ်းကတော့
Two-Step Procedure ပါဘဲ။

ဒီနည်းစနစ်ရဲ့ အဓိက Idea ကတော့
အခန်းတစ်ခန်း ၊နေရာတနေရာမှာ
အသားပေး ဖေါ်ပြလိုတဲ့ အရာတွေကို
အရင် အလင်းပေးကြည့်မယ်။ပြီးရင်
လိုအပ်တဲ့ နောက်ခံအလင်း
ထပ်ဖြည့်မယ် ဆိုတဲ့ သဘောတရား
ဖြစ်ပါတယ်။

ဒါဆိုမေးစရာရှိတာက အဲဒီအခန်းမှာ
ဘယ်နေရာတွေ ဘယ်ပစ္စည်းတွေကို
အသားပေး ဖေါ်ပြသင့် သလဲဆိုတာပါ။
သာမန်အားဖြင့်တော့ အခန်းထဲမှာရှိတဲ့
ပန်းချီကားတွေ၊ပရိဘောဂတွေ စသဖြင့်
စဉ်းစားမိပါလိမ့်မယ်။

ဒီစဉ်းစားပုံက အပြည့်အဝတော့ မမှန်ပါဘူး
ဘာဖြစ်လို့လဲဆိုတော့ ကျွှန်တော်တို့ဟာ
အရာ၀တ္ထုတခုခုပေါ်ကို အလင်းပေးဖို့
စဉ်းစားတိုင်း နောက်ကွယ်မှာ တိကျ
သေချာတဲ့ ရည်ရွယ်ချက် ရှိသင့်ပါတယ်။
အဲ့ဒီလိုမှ မဟုတ်ရင် အခန်းထဲမှာ အဓိပ္ခါယ်မဲ့
ပေးထားတဲ့ အလင်းတွေက ဒီဇိုင်းတခုကို
မရည်ရွယ်ဘဲ ရှုပ်ထွေးတဲ့ မြင်ကွင်းမျိုး
ဖြစ်စေနိုင်တာကြောင့်ဘဲ ဖြစ်ပါတယ်။

ဒီတော့ ကျွှန်တော်တို့ စဉ်းစားသင့်တဲ့
တိကျသေချာတဲ့ ရည်ရွယ်ချက်တွေက
ဘာတွေပါလဲ?

# နေရာတစ်နေရာမှာ လူတွေကို
စုစည်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့
အလင်းပေးခြင်း(Phototropism)
ဥပမာ- ထမင်းစားပွဲနေရာ၊ ဧည့်ခန်း
ကော်ဖီစားပွဲနေရာ…

# နေရာတစ်နေရာမှာ လူတွေရဲ့
စိတ်၀င်စားမှုကို ဆွဲဆောင်ချင်တဲ့
ရည်ရွယ်ချက်နဲ့ အလင်းပေးခြင်း
ဥပမာ- ပန်းချီကား၊စာအုပ်စင်..

# အခန်း ဒါမှမဟုတ် အဆောက်အဦး
မျက်နှာပြင်တွေ၊ နံရံတွေ၊မျက်နှာကြက်တွေ၊
တိုင်လုံးတွေရဲ့ ဗိသုကာ လက်ရာတွေကို
အလင်း အမှောင် အနုအရင့်ကြားမှာ
ရုပ်လုံးကြွ ပေါ်လွင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့
အလင်းပေးခြင်း။ (Vertical Lighting)

Interior Lighting အကြောင်းစ​လေ့လာရ​အောင်Where stories live. Discover now