part 14

11 0 0
                                    

To Seek Beauty is to Select Right Decorative Pendant Light

ဒီတစ်ပတ်မှာတော့ Pendant light နဲ့ပတ်သက်ပြီး Knowledge sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ ရှေးခေတ် ဂရိနိုင်ငံ သားတွေဟာ ထမင်းစား စားပွဲတွေပေါ်မှာ အလင်းရောင်ရစေဖို့ အတွက် ရွှံ့အိုးတွေထဲကို တိရိစ္ဆာန်အဆီတွေ နဲ့ ရေမွှေး အဆီတွေရောထည့်ပြီး မီးစာထည့်မီးရိူ့တဲ့ ဓလေ့ ကနေပြီးတော့ Pendant light စတင် ဖြစ်ပေါ် ပေါ်ပေါက်လာခဲ့ တာပဲဖြစ်ပါတယ်။ ၁၉၃၀ ပြည့်နှစ်နှောင်းပိုင်းမှာတော့ အဆီတွေကို မီးရှို့ပြီး အလင်းပေးတဲ့ ခေတ်ကနေပြီးတော့ ယနေ့ခေတ်လျှပ်စစ်မီးကို လောင်စာအဖြစ်အသုံးပြုတဲ့ modern pendant light အထိ အဆင့်ဆင့်ပြောင်းလဲလာခဲပါတယ်၊၊ ယနေ့ခေတ်မှာတော့ Pendant Light တွေကို မိသားစုအချင်းချင်း ဒါမှမဟုတ် ဧည့်သည်တွေကို နွေးထွေးစွား ကြိုဆိုမူရဲ့ပြရုပ်အဖြစ် Dining Table တွေရဲ့ အထက်မှာ နေရာပေးလာကြပြီ ဖြစ်ပါတယ်။ ကဲ Pendant Light တပ်ဆင်ရတဲ့ ရည်ရွယ်ချက်လေးကို ပြေပြပေးပြီးပြီဆိုတော့ Pendant Light တစ်လုံးကို ဘယ်လိုရွေးချယ် ၀ယ်ယူရမလဲဆိုတာပါ ဆက်လက်ပြောပြပေးပါမယ်။

Pendant light တွေရဲ့ Size တွေကတော့ 5’’ ကနေပြီးတော့ 43’’ လောက်အထိ ရှိတတ်ပြီးတော့ Kitchen island တွေနဲ့ Dining Table တွေရဲ့ အထက်ကနေပြီးတော့ ၂၄လက်မ ဒါမှမဟုတ် လက်မ၃၀ လောက် တွဲလောင်းချ ချိတ်ဆွဲထား တတ်ကြပါတယ်။ချိတ်ဆွဲထားတဲ့ Pendant Light ရဲ့ အောက်အနားဟာ လူ့အရပ်ရဲ့ အထက် ၃ပေအကွာလောက်တော့ အနည်းဆုံးထားရှိသင့်ပါတယ်၊၊

ထမင်းစားခန်းတစ်ခုအတွက် သင့်တော်တဲ့ Pendant light size တစ်ခုကို လိုချင်တယ်ဆိုရင်တော့ ထမင်းစားခန်းရဲ့ အခန်းအမြင့်ကို 2.5 or 3 နဲ့ မြှောက်ပါ။ ရလာတဲ့ အဖြေဟာ Pendant light အတွက်လိုအပ်တဲ့ Size (unit-inch)ပဲ ဖြစ်ပါတယ်။ Kitchen Upper cabinet တွေရဲ့ အောက်မှ Strip light ဒါမှမဟုတ် Light tray မီးတွေကို အသုံးပြုပြီးတော့ Dining Table တွေနဲ့ Kitchen Island တွေရဲ့ အပေါ်ကိုတော့ Pendant light အလင်းနဲ့ပဲ အဓိက အလင်းပေးရပါတယ်။

မီးလုံးတစ်လုံးထဲကနေပဲ အဓိက အလင်းထုတ်ပေးတဲ့ Pendant Light တွေမှာဆို ရင်တော့ Watt 60 လောက်ပဲ အများဆုံး ရှိတက်ပြီး အသုံးများတဲ့ Bulb လေးတွေက E14 နဲ့ E27 ဖြစ်ပါတယ်။ မီးလုံးသေးသေးလေးတွေ အများကြီးပါတဲ့  Pendant တွေမှာတော့ G4  ဒါမှမဟုတ်  G9 မီးလုံးလေးတွေ တပ်ဆင်အသုံးပြုရပါတယ်။ LED chip ပြားလေးတွေကို Pendant ကိုင်းထဲမြုပ် ထားတဲ့ Pendant တွေကတော့ Design ပေါ်မူတည်ပြီး watt အမျိုးမျိုးရှိတက်ပါတယ်။

Interior Lighting အကြောင်းစ​လေ့လာရ​အောင်Where stories live. Discover now