Modern & Elegant Lighting Solution with Pendant
ဒီတစ်ပါတ်မှာတော့ Open Office Space တွေမှာ အသုံးများတဲ့ Pendant Light လေးတွေနဲ့ ပတ်သက်ပြီး သိကောင်းစရာတွေကို ဝေမျှပေးသွားမှာ ပဲဖြစ်ပါတယ်၊၊
Pendant Light တွေဟာ decorative Lighting အမျိုးအစားထဲ မှာပါ၀င်ပြီး Interior Decoration တွေရဲ့ အလှကို ပုံဖော်ရာမှာ Main Role အနေနဲ့ ရပ်တည်နေပါတယ်၊၊
Pendant Light တွေဟာ Living room,reception area,waiting area စတဲ့နေရာတွေမှာ တပ်ဆင် အသုံးပြုတာများပြီး အသုံးပြုတဲ့ room type တွေကလည်း သူ့အကန့်အသတ်နဲ့ သူရှိပြီး သားပါ။ ဒီနေရာတွေဟာ ရုံးတစ်ရုံး (ဒါမှမဟုတ်) အိမ်တစ်အိမ်ရဲ့ ဥပဇာနေရာတွေ ဖြစ်တဲ့အတွက် Lighting Fixture type ပုံစံရော Lighting point တွေကိုပါ အလင်းအားညီမျှအောင် နေရာချထား ပေးရပါမယ်၊၊ Pendant Light ဟာ decorative Lighting ဆိုပေမဲ့ သူတို့ရဲ့ အလင်းအား ( Watt) ကို လည်း overall lighting calculation မှာထည့်တွက်ထားသင့်ပါတယ်။တကယ်လို့ Client ဟာ Ceiling Height ခပ်မြင့်မြင့် ပါတဲ့အခန်းတစ်ခု (ဒါမှမဟုတ်) ရုံးခန်းတစ်ခန်း အတွက် သင့်တော်တဲ့ Lighting Fixture ရှာနေပြီဆိုရင်တော့ ကျွန်တော်တို့ Lumos Lite မှ တင်သွင်းထားတဲ့ RAAT Lighting brand ထဲက Abito Series ၊ Mond Series နဲ့ Silo Series လေးတွေကို မိတ်ဆက်ပေးပါရစေ။
Abito Series လေးကတော့ သူ့ရဲ့ ကိုယ်ထည်ကို
အပူဒဏ် ခံနိူင်စေရန် အတွက် Aluminum Die-casting နည်းပညာနဲ့ ထုတ်လုပ်ထားပြီး၊ ဆေးသားများအလွယ်တကူ မပျက်စေရန် Electrostatic Power Coating နည်းပညာနဲ့ ဆေးမှုတ်ထားပါတယ်၊၊ Abito Series လေးထဲ မှာရွေးချယ်စရာ Pendant Shape ပုံစံ နှစ်မျိုး ရှိပြီး၊ သူ့မှာသုံးထားတဲ့ LED type ကတော့ SMD LED အမျိုးအစားကို အသုံးပြုထားတာဖြစ်တဲ့ အတွက် Higher output lumen နဲ့ အလင်းထုတ်လွှတ်ပေးပြီး မီးစားလည်း အလွန်သက်သာစေ ပါတယ်။ Color Temperature အနေနဲ့ လူကြိုက်အများဆုံး အရောင်များဖြစ်တဲ့ Neutral White (4000K) နဲ့ Warm White (3000K) ဆိုပြီး နှစ်ရောင် ရွေးချ ယ်လို့ ရပါသေးတယ်။နောက်ထပ် မိတ်ဆက်ပေး ချင်တဲ့ Series လေးကတော့ Mond Series ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်ထည်လေးကို Aluminum သားနဲ့ ထုတ်လုပ်ထားပြီးတော့ ဆေးအလွယ်တကူ မကျွတ်စေရန်အတွက် Electrostatic Power Coating နည်းပညာနဲ့ လည်းဆေးမှုတ်ထားပါတယ်။ Pendant Size အနေနဲ့ လေးမျိုးထုတ်လုပ်ထားပြီး Color Temperature အနေနဲ့ကတော့ Cool White (5000K), Neutral (4000K) နဲ့ Warm White (3000K) ဆိုပြီး မီးအရောင် သုံးမျိုးထုတ်လုပ်ထားပါတယ်၊၊ Mond Serie လေးရဲ့ အားသာချက်ကတော့ Wireless Control (Bluetooth System )နဲ့ပါ Lighting Fixtures များကို Control လုပ်နိူင်တာပဲ ဖြစ်ပါတယ်။
YOU ARE READING
Interior Lighting အကြောင်းစလေ့လာရအောင်
Non-FictionProfessionalမဟုတ်ပါ။သိသလောက်ကိုnotebookသဘောပြန်ကြည့်လို့ရအောင်ရေးခြင်းဖြစ်သည်။