# Lighting Design လေ့လာသူများအတွက်#
LIGHTING FOR LIFE (အပိုင်း-၃)
Reverse Engineering Design Process
Lighting Designer တယောက်ဟာ
Design Process အတွက် Brainstorm
လုပ်ဖို့ သူ့ခေါင်းထဲမှာအချို့ အချက်အလက်တွေ
အဆင်သင့်စုဆောင်းထားနိုင်ရင်
Brainstorm လုပ်ငန်းစဉ်က ပိုပြီး
ထိရောက်မှုရှိမှာပါ။အဲ့ဒီတော့ မျက်စိ ပသာဒဖြစ်ပြီး
စိတ်ခံစားမှု တစုံတရာပေးစွမ်းနိုင်တဲ့
Lighting Design တခုအတွက်
အချက်အလက်တွေကို ကျွှန်တော်တို့
ဘယ်ကရှာကြမှာလဲ?အဖြေက Reverse Engineering Process ပါ။
ဟုတ်ပါတယ်။ဒီလုပ်ငန်းစဉ်က သူ့နာမည်
အတိုင်းပါဘဲ။အောင်မြင်ပြီးသား
ထုတ်ကုန်တခုကို လေ့လာခွဲခြမ်း
ဆန်းစစ်ပြီး ဘယ်လိုအချက်အလက်တွေ၊
ဖန်တီးမှုတွေက အဲဒီထုတ်ကုန်ကို
အောင်မြင်မှုရစေသလဲဆိုတာကို ပြန်လည်
ဆန်းစစ်တာပါ။
ဥပမာ-ဂီတာပြုလုပ်ရောင်းချသူတယောက်ဟာ
သူလုပ်နေကျ ဂီတာတွေထက်ပိုပြီး
အသံလွင်တဲ့ ဂီတာတစ်လုံး တွေ့တယ်ဆိုပါစို့။
သူဟာ ဘာကြောင့် ဒီဂစ်တာဟာ အသံ
ပိုကောင်းရသလဲဆိုတာကို သိဖို့ အဲဒီဂစ်တာကို
ဘာသားနဲ့လုပ်ထားတယ်။အထူဘယ်လောက်ရှိတယ်။
ဂီတာအိုးအကျယ်၊ဖလက်ဘ်တံအရှည်၊ကြိုးအမျိုးအစား၊
စတာတွေကို လေ့လာမှတ်သား အတုယူပြီး ဂီတာ
တစ်လုံး ပြုလုပ်ကြည့်တာဟာ Reverse
Eng; Process ပါဘဲ။ဒါဆို ခင်ဗျား မေးစရာရှိမယ်။Lighting Design
မှာရော အဲ့ဒီလို ပုံတူကူးချရမှာလားဆိုတာကိုပါ။
မဟုတ်ပါဘူး။
Lighting Design အတွက် Reverse Eng;
Process က ပိုပြီး အနုပညာဆန်၊ပိုပြီးသိမ်မွေ့ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျွှန်တော်တို့ လုပ်ရမှာက
စိတ်ခံစားချက်တွေကို ခွဲခြမ်းစိတ်ဖြာရမှာ ဖြစ်လို့ပါ။
ကျွှန်တော်တို့ နေ့စဉ် ပတ်၀န်းကျင်က သဘာ၀
ရှုခင်းတွေ၊လူတွေဖန်တီးထားတဲ့ လည်ပတ်စရာ
နေရာတွေဟာLighting design အတွက်
Reverse Eng; လုပ်ဖို့နေရာကောင်းတွေပါဘဲ။ကျွှန်တော်တို့ လုပ်ရမှာက နေရာတခုရောက်ပြီဆိုရင်
အဲ့ဒီနေရာက ကျွှန်တော်တို့ကို ဘယ်လိုစိတ်ခံစားမှု
တွေရရှိစေလဲ? ပြီးတော့ အဲ့ဒီ စိတ်ခံစားမှုတွေ
ရရှိလာအောင် အဲဒီနေရာမှာရှိတဲ့ ဘယ်အရာတွေက
လုပ်ဆောင်နေသလဲဆိုတာကို အချိန်ပေး ခွဲခြမ်း
ဆန်းစစ် ဖို့ပါဘဲ။အဲ့ဒီ အတွက် လုပ်ငန်းစဉ်
၃ ဆင့်ရှိပါတယ်။
YOU ARE READING
Interior Lighting အကြောင်းစလေ့လာရအောင်
Non-FictionProfessionalမဟုတ်ပါ။သိသလောက်ကိုnotebookသဘောပြန်ကြည့်လို့ရအောင်ရေးခြင်းဖြစ်သည်။