part 39

11 1 0
                                    

# Lighting Design လေ့လာသူများအတွက်#

LIGHTING FOR LIFE (အပိုင်း-၁)
“ သဘာ၀မိခင်မှပေးသောလက်ဆောင်ကြောင့်
လူသားအားလုံး Designer ဖြစ်နိုင်သည်”

ပတ်၀န်းကျင် နေရာတခုကို Lighting Design
ဘယ်လိုပြုလုပ်မလဲဆိုတာမသွားခင်
Lighting Design အတွက်စဉ်းစားပုံနဲ့
စိတ်ကူးစိတ်သန်းတွေ ဘယ်ကဘယ်လို
ထွက်လာသလဲဆိုတာကိုအရင်လေ့လာရမှာ
ဖြစ်ပါတယ်။

Designer တွေကို Idea သမားတွေလို့
ဆိုလေ့ရှိကြတယ်။ ဟုတ်ပါတယ်။
စိတ်ကူးစိတ်သန်းကောင်းခြင်းဟာ
Designer တယောက်ရဲ့ လက္ခဏာ
တရပ်ဖြစ်ပါတယ်။
ဒါကြောင့်လဲလူတွေက Designer တွေဆီက
ဘယ်လိုစိတ်ကူးစိတ်သန်း
ကောင်းကောင်းတွေ ထွက်လာမလဲ
ဆိုတာမျှော်လင့်တတ်ကြပြီး
စိတ်ကူးဥာဏ် ကွန့်မြူးခြင်းဟာ
Designer တွေရဲ့ အသက်မွေးမှု ပါဘဲ။

သဘာ၀တရားရဲ့ ဖန်တီးမှုကြောင့်
လူသားတွေမှာတီထွင်ဖန်တီးနိုင်တဲ့
စွမ်းရည်ရှိပြီးသားဖြစ်ပါတယ်။ဒါပေမယ့်
အချို့လူတွေမှာအဲဒီစွမ်းရည်က
တိမ်မြုပ်နေပြီးအချို့လူတွေမှာကျတော့
ပေါ်လွင်နေတာမျိုးရှိပါတယ်။

တခါတလေ ကျွန်တော်တို့ဟာ
လူတယောက်ယောက် ဒါမှမဟုတ်
သူငယ်ချင်းတယောက်ယောက်ကို
တီထွင်ဥာဏ် မရှိသူ ၊စိတ်ကူးဥာဏ်
မရှိသူလို့ ပြောမိတတ်ပါတယ်။
ဒါဟာတကယ်တော့ လုံး၀မမှန်ပါဘူး။
တီထွင်ဖန်တီးမှု စွမ်းရည် နဲ့ စိတ်ကူးဥာဏ်
ကွန့်မြူးခြင်းဟာလူသားတွေရဲ့ သဘာ၀ပါ။
လူသားနဲ့ကျန်တဲ့ သက်ရှိတွေကို
ကွဲပြားစေတာကလဲ ဒါ့ကြောင့်ဘဲ ဖြစ်ပါတယ်။

အသိဥာဏ် နုံနဲ့တဲ့ ကျောက်ခေတ်
လူသားတယောက်တောင်မှ ကျောက်တုံးကနေ
ကျောက်ပုဆိန် တလက်ဖြစ်အောင် တီထွင်ဖန်တီး
နိုင်တဲ့ စွမ်းရည်ရှိရင် ၂၁ ရာစုမှာ
နေထိုင်တဲ့ ကျွန်တော်တို့ အနေနဲ့
တီထွင်ဖန်တီးနိုင်မှု စွမ်းရည် ဘာကြောင့်
မရှိရမှာပါလဲ?
တောကြိုတောင်ကြားမှာနေတဲ့ စာမတတ်ပေမတတ်
လူရိုင်းတွေတောင် တောစောင့်နတ်၊တောင်စောင့်နတ်၊
ကောင်းကင်ကနတ်ဘုရားအဆူဆူကို
စိတ်ကူးဥာဏ်ကွန့်မြူးဖန်တီးနိုင်ရင်
အသိပညာခေတ်မှာမွေးတဲ့
ကျွန်တော်တို့မှာစိတ်ကူးဥာဏ်ကွန့်မြူးမှု
မရှိဘူးလို့ ဘယ်သူပြောနိုင်ပါမလဲ။

Interior Lighting အကြောင်းစ​လေ့လာရ​အောင်Where stories live. Discover now