part 10

21 0 0
                                    

# LED strip light ဆိုတာဘာလဲ??

Surface mounted diodes (SMDs) လေးတွေကို ကြေးပြားလေးတွေနဲ့ ချိတ်ဆက် ပြီး Silicon အပြားလေးတွေပေါ်မှာဖြစ်ဖြစ် ဒါမှမဟုတ် Silicon ထဲကို မြုပ်ပြီးတော့ဖြစ်ဖြစ် ထုတ်လုပ်ထားတဲ့ မီးကြိုးခွေလေးကို LED Strip light ဟုခေါ်ပါတယ်…
SMDs လေးတွေကို ပိုက်လုံးလေးတွေထဲထည့်ပြီး ထုတ်လုပ်ထားလျှင် LED Rope light(ပိုက်မီး)ဟုခေါ်ပါတယ်…

# LED strip light များရဲ့ အခေါ်အဝေါ် နဲ့ ရွေးချယ်အသုံးပြုပုံ

LED Strip light or LED Rope light တွေကို ၎င်းတို့ပေါ်မှာ တပ်ဆင်ထားတဲ့ SMDs chip ပြားလေးတွေရဲ့size ပေါ်အစွဲပြုခေါ်ဝေါ်လေ့ရှိပါတယ်…. ဥပမာ 5050 LED Strip light ဟုဆိုလျှင် သူ့အပေါ်တွင် တပ်ဆင်ထားသည့် မီးအလင်းထွက်လာမည့် LED Chip(SMDs)လေးရဲ့size သည် 5.0mmx5.0mm ဖြစ်နေလို့ပါပဲ….
အသုံးပြုမယ့် Designer ရဲ့ဉာဏ်ကွန့်မြူးနိုင်သလောက် idea အကန့်အသက်မရှိ အသုံးပြုနိုင်တဲ့ Lighting Product ကိုပြပါဆိုရင်တော့ LED strip light or rope light တွေကို လက်ညှိုးထိုးရမှာပါပဲ…. မျက်နှာကျက်မှ ၊နံရံမှ ၊ကြမ်းခင်းမှ ရယ်လို့မဟုတ်ပဲ အသုံးပြုမယ့် နေရာ၊ အသုံးပြုမယ့် Design ပုံစံ ပေါ်မူတည်ပြီး ဘယ်လို LEDs Strip lightတွေကို ရွေးချယ်သင့်သလဲဆိုတာဆက်လက်ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်…

💡LED Chip (SMD) code number:3528 LED Strip Light, 3014 LED Strip Light နဲ့5050 LED Strip Light အမျိုးအစားတွေမှာ အသစ်အသစ်သော နောက်ဆုံးပေါ် lighting နည်းပညာတွေကို အများဆုံးထည့်သွင်းအသုံးပြုကြပါတယ်…. (ဥပမာ-Dimming လုပ်လို့ရတာ၊RGB LED Stip light လို့ခေါ်တဲ့အရောင်တွေအမျိုးမျိုးပြောင်းလို့ရတာစတဲ့နည်းပညာတွေပါ)
အရွယ်အစားသေးငယ်တဲ့အပြင် Heat ကို အလိုအလျောက် လျော့ချပေးတဲ့နည်းပညာကို အသုံးပြုထားတာကြောင့် အသုံးများတဲ့Strip light အမျိုးအစားတွေအဖြစ် လူကြိုက်များကြပါတယ်…

💡IP Rating: LED Strip Lightကို အသုံးပြုမယ့်နေရာပေါ်မှာ မူတည်ပြီး ရွေးချယ်သင့်ပါတယ် …ရေမစိမ့်နိုင်တဲ့အခန်းတွင်းနေရာတွေ မျက်နှာကျက်တွေမှာ သုံးမယ်ဆိုရင် အနည်းအကျဉ်း ထိမိခိုက်မိတဲ့ဒဏ်ကိုခံနိုင်တဲ့IP rating 20လောက်သာ အသုံးပြုသင့်ပါတယ်….. ရေငွေ့ရိုက်နိုင်တဲ့ မျက်နှာကျက်တွေ Aircon အနီးအနားတဝိုက်နေရာတွေမှာ သုံးမှာဆိုရင်တော့ရေငွေ့ရိုက်တာလောက်ကို ဒဏ်ခံနိုင်တဲ့IP rating 44 ကိုသုံးသင့်ပြီး အပြင်တံစက်မြိတ်လိုနေရာမျိုးနဲ့ အဆောက်အဦး ရဲ့အပြင်ပိုင်းတွေ၊ ပန်းခြံတွေမှာ သုံးမယ်ဆိုရင်တော့ ရေစိုခံနိုင်တဲ့ IP rating 65 LED Strip light ကိုသာအသုံးပြုသင့်ပါတယ်….. IP rating ကိုသေချာရွေးချယ်ပြီး နေရာမှန်အသုံးပြုနိုင်လေ cost ကို လျော့ချနိုင်လေပဲ ဖြစ်ပါတယ်…

Interior Lighting အကြောင်းစ​လေ့လာရ​အောင်Where stories live. Discover now