part 15

11 1 0
                                    

✅Dos and ❎Don'ts for Creating a Warm & Inviting Space with Lightings

လူတော်တော်များများဟာ သူတို့ရဲ့တစ်နေ့တာထဲက
အချိန်အချို့ကို Kitchen ထဲမှာ အသုံးပြုလေ့ ရှိကြပါတယ်။ အိမ်တစ်အိမ်၊စားသောက်ဆိုင် တစ်ဆိုင် မှစပြီး ဟိုတယ်အဆင့် အထိ အစားအသောက်များ ကြော်လှော်ချက်ပြုတ်ရတဲ့ Kitchen ဟာ အန္တရာယ် အရှိဆုံးလို့ ပြောမယ်ဆိုလည်း မမှားနိုင်သလို ယနေ့ခေတ်မှာတော့ Kitchen တွေဟာ အိမ်လာဧည့်သည် တွေကို ဖျော်ဖြေပေး နိုင်တဲ့နေရာ (ဒါမှမဟုတ်) အကြောင်းအရာ အလာပသလာဘ ပြောဆို ဆွေးနွေးကြတဲ့ နေရာအဖြစ် မှတ်ယူလာပြီး Clients တွေအနေနဲ့ အိမ်တစ်အိမ်ရဲ့’ အခရာ ‘ နေရာလို့ သတ်မှတ်လာကြ ပါပြီ။
ဒါ့ကြောင့် Client တွေဟာ သူတို့ရဲ့ Kitchen area ကနွေးနွေးထွေးထွေး ကြိုဆိုနိုင်ဖို့အတွက်  Interior Decoration တွေနဲ့ အကောင်အထည် ဖော်လာကြတဲ့အခါ Lighting ရဲ့ အခန်းကဏ္ဍဟာလည်း ပိုမိုအရေးပါ လာပါတယ်၊၊ အဲဒီ အတွက်ကြောင့် ယခုတစ်ပါတ်မှာတော့ Kitchen Lighting ကိုရွေးချယ်တဲ့ အခါမှာ ထည့်သွင်း စဉ်းစားရမယ့် ✅ Do & ❎ Don’t (ဆောင်ရန်/ရှောင်ရန်)လေးတွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

✅ Lighting Uniformity

Kitchen ကို အလင်းအားညီမျှအောင် ပေးနိုင်ဖို့နဲ့
အရိပ်ကွယ်မှုတွေ လျော့ချနိုင်ဖို့ Layered Lighting Method ကိုသာ အသုံးပြုသင့်ပြီး Installation လုပ်ရင်တော့ Recessed Lighting နဲ့ task Lighting ကို Combine လုပ်ပြီး အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ မိမိ Kitchen ရဲ့ Interior Decoration အလှအပ ကိုမြှင့်တင်ရာ ရောက်ပြီး ညီမျှတဲ့ အလင်းအားကြောင့် ချက်ပြုတ်လှီးချွတ် အလုပ်တွေကို လင်းရှင်းတဲ့ အလင်းအောက်မှာ လွယ်လင့်တကူ လုပ်ဆောင်နိုင် မှာပဲဖြစ်ပါတယ်။

✅ Lighting Type

ဒုတိယ အချက်အနေနဲ့ကတော့ စွမ်းအင်ချွေတာရာမှာ ထိရောက်မှု အရှိဆုံးဖြစ်တဲ့ LED Lighting အမျိုးအစားတွေကို Kitchen Light တွေအဖြစ် ထည့်သွင်း အသုံးပြုပေးရပါမယ်၊၊ LED Products တွေဟာ အပူထုတ်လွှတ်မှုကို လျှော့ချနိုင်ခြင်း၊ ထိန်းသိမ်းရလွယ်ကူခြင်း၊ သက်တမ်းကြာ ကြာရှည်စွာ အသုံးပြု နိုင်ခြင်းစတဲ့ အကျိုးကျေးဇူး တွေအများကြီး ရှိနိုင်တဲ့အတွက်ကြောင့် ပထမဦးစားပေး အနေအထားမျိုးမှာ ထားသင့်ပါတယ်။

Interior Lighting အကြောင်းစ​လေ့လာရ​အောင်Where stories live. Discover now