အခုနောက်ပိုင်း Commercial နဲ့ Industrial buildings တွေမှာ တော်တော်လေး ခေတ်စားလာတဲ့ Bay Light အကြောင်းလေးနဲ့ Bay Light (2)မျိုး ဖြစ်တဲ့ High Bay နဲ့ Low Bay Lighting Fixtures တွေရဲ့ ခြားနားချက်လေးကို ဖော်ပြပေးသွားမှာပါ...👍👍👍
High Bay နဲ့ Low Bay ဟာ အမြင်အားဖြင့် တူသယောင်ရှိပေမယ့် ဖော်ပြပေးထားတဲ့ ဒီကွာခြားချက်လေးတွေကို လေ့လာပြီးရင်တော့ ဘယ်လို building မျိုး ဘယ်လို အခြေနေတွေမှာ High Bay သုံးရမလား Low Bay သုံးသင့်တာလားဆိုတာ သံသယဝင်နေစရာ မလိုတော့ပါဘူး။😉😉What is Bay Light? 💡💡💡
Bay Lights ဆိုတာ Industrial buildings တွေကို မီးအလင်းအားကောင်းကောင်းနဲ့ အလင်းအား ညီညီမျှမျှ ပံ့ပိုးပေးနိူင်အောင် ထုတ်လုပ်ထားတဲ့ Lighting Fixtures ပဲဖြစ်ပါတယ်။Differences Between High Bay & Low Bay Lights
❓❓❓
(1) Height of Installation (Mounting Height) 👷
High Bay lights တွေကို မျက်နှာကျက်အမြင့် (Ceiling Height /Mounting Height) အမြင့်ပေ 20 လောက်ကစပြီး ပေ40 ဝန်းကျင်အတွင်းရှိတဲ့ Room Types တွေမှာအသုံးပြုပါတယ်။ Low Bay တွေကိုတော့ အမြင့်ပေ 12 ပေနဲ့ ပေ 20 ကြား အဆောက်အဉီးတွေ အတွက် အသုံးပြုနိုင်အောင် ရည်ရွယ်ထုတ်လုပ်ပါတယ်။ ဒါ့ကြောင့် Bay Light တွေဟာ Factory တွေ warehouse တွေတင်မကပဲ Building Height မြင့်တဲ့ public buildings တွေ Retail Hypermarket တွေမှာ ပိုပြီးအသုံးပြုလာကြပါပြီ။😉😉😊(2) Applications 🏢🏙🏛🌆
High Bay နဲ့ Low Bay ကို Room Nature or Building types ပေါ်မူတည်ပြီးလည်း ခွဲခြားအသုံးပြုလို့ ရပါတယ်။
Factoryတွေ၊ အမြင့်ပေ 20´အထက် warehouses တွေ၊ Airport hangarတွေ၊ Municipal Facilitiesတွေ၊ Schools နဲ့ Universityတွေရဲ့ gymnasiums တွေမှာ High Bay ကိုအသုံးပြုလေ့ရှိပြီး၊ အမြင့်ပေ12´ နဲ့ 20 ´ကြား Warehouses တွေ၊ Petrol Station တွေ၊ Retail Stores တွေနဲ့ Retail Hypermarkets တွေမှာတော့ Low Bay တွေကို အဓိကထားအသုံးပြုကြပါတယ်။(3) Beam Angle & Output Lumen 🌞💡
နောက်ထပ်တစ်ချက်ကတော့ အလင်းပြန့်နိူင်မူ အခြေအနေ (Beam Angle) ကိုကြည့်ပြီး ခွဲခြားလို့ရပါသေးတယ်။Beam Angle တန်ဖိုးနည်းခြင်း (narrow beam angle) ဟာ bay light Fixtures မှ ထွက်လာသောအလင်းတန်းကို စုစုစည်းစည်း ဖြစ်စေတဲ့အတွက် Height မြင့်တဲ့ အဆောက်အဉီးတွေနဲ့ သင့်တော်ပြီး Beam Angle တန်ဖိုးများခြင်း (Wider Beam Angle)ကတော့ အလင်းကို ညီညီညာညာနဲ့ ဖြန့်ကျက်နိူင်တဲ့အတွက် Height အရမ်းမမြင့်တဲ့ building တွေအတွက် ပိုအသုံးဝင်ပါတယ်။ Low bayသည် အလင်းဖြန့်ကျက်မှုကျယ်ပြီး ဒေါင်လိုက် အလင်းဖြာမှုပိုများပါတယ်။ High Bay သည် မီးလုံးအောက်တည့်တည့်မှာရှိတဲ့အလင်းပေးခံ Object ကို ပိုပြီး ထင်ရှားပေါ်လွင်အောင် အလင်းပေးပါတယ်။ watt အားဖြင့် 80watt -100watt ကြားကို Low Bay ၊ 100watt နဲ့အထက်ကို High Bay လို့သက်မှတ်ထားတာ ဖြစ်တဲ့အတွက် Output Lumen သည် High Bay ကပိုများပါတယ်။
YOU ARE READING
Interior Lighting အကြောင်းစလေ့လာရအောင်
Non-FictionProfessionalမဟုတ်ပါ။သိသလောက်ကိုnotebookသဘောပြန်ကြည့်လို့ရအောင်ရေးခြင်းဖြစ်သည်။