part 30

3 1 0
                                    

# Lighting Design လေ့လာသူများအတွက်#
LIGHTING FOR LIFE (အပိုင်း-၁၀)
Design By Layers
Layer 2; Lighting to Define Mood
& Ambience

ကျွှန်တော်တို့ နောက်ထပ် စဉ်းစားရမယ့် အလွှာ
ကတော့ လူတွေရဲ့ စိတ်ခံစားမှု Mood ကို ဖန်တီး
ပေးမယ့် အလွှာ ဖြစ်ပါတယ်။ ဒီ အလွှာအတွက်
အရင်ဆုံးစပြီး လုပ်ရမှာက အခန်း တစ်ခန်းခြင်း
နေရာတခုခြင်းစီမှာ ဘယ်လို Mood မျိုး ရစေချင်
သလဲဆိုတာ သတ်မှတ် ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်။

ဒီလို ဆုံးဖြတ်နိုင်ဖို့ အခန်း တခုခြင်းစီရဲ့ အချက်
အလက်တွေ သိဖို့ လိုပါတယ်။ ပြီးတော့ နေရာ
တခုလုံးရဲ့ အကြောင်းအရာနဲ့ ဒီနေရာ ကနေ
ဖေါ်ပြပေးလိုတဲ့ Idea ကိုလဲ သိဖို့လိုပါတယ်။
ဒါတွေက တခါတရံ ကိုယ့်ဘာသာ ဆုံးဖြတ်
လို့ မရနိုင်ပါဘူး။ Client တွေရဲ့ တောင်းဆိုမှု
နဲ့ လိုလားချက်တွေ အပေါ်လဲ မူတည်ဆုံးဖြတ်
ရတာမျိုး ရှိနိုင်ပါတယ်။

အဲ့ဒီလို Mood တွေကို ရွေးချယ်ပြီးတဲ့ အခါ
အဲ့ဒီ Mood တွေကို ဖန်တီးနိုင်ဖို့ ဘယ်လို အလင်း
တွေ ထည့်မလဲဆိုတာကတော့ အောက်မှာ ဖေါ်ပြထား
တဲ့ အလင်းရဲ့ သွင်ပြင်လက္ခဏာ တွေထဲက
ရွေးချယ်ဖို့ ဖြစ်ပါတယ်။

Intensity ; Dim Vs Bright
Colour ; Warm Vs Cool
Texture ; Directional Vs Diffuse

အဲ့ဒီသွင်ပြင်လက္ခဏာတွေ အကြောင်းကို
အပိုင်း -၆ မှာ ပြန်ဖတ်ကြည့်လို့ ရပါတယ်။
ဒီလို ရွေးချယ်တဲ့ အခါ ရွေးချယ်မှုတွေက
တခုနဲ့ တခု ဖီလာ ဆန့်ကျင် မဖြစ်ဖို့
လိုပါတယ်။ ဒီနေရာမှာ Mood Map ဇယား
တခု နဲ့ အလုပ်လုပ်ကြည့်ရင် ပိုအဆင်ပြေ
တာတွေ့ပါလိမ့်မယ်။ နမူနာဇယား တခုကို
ပုံထဲမှာ ဖေါ်ပြပေးထားပါတယ်။

အဲ့ဒီဇယား ရရှိပြီးတဲ့ အခါ ဇယားက ရရှိတဲ့
အလင်းရဲ့ သွင်ပြင်လက္ခဏာတွေနဲ့ ကိုက်ညီ
မယ့် အလင်းကို နေရာ ချထားကြည့် ရမှာ
ဖြစ်ပါတယ်။

ဒီလိုရွေးချယ်တဲ့ နေရာမှာ သတိပြု ရမှာ
တခုက ဒီအလွှာမှာ ထည့်ရမယ့် အလင်းဟာ
အခန်းရဲ့ နောက်ခံ အလင်း ဖြစ်တာကိုပါဘဲ။
ဒါ့ကြောင့် နောက်ခံ အလင်း ထုတ်ပေးရာနဲ့
ကိုက်ညီတဲ့ နေရာချထားမှု၊ မီးသီး မီးချောင်း
ပုံစံကိုပါ တပါတည်း ရွေးချယ်သတ်မှတ်ဖို့လို
ပါတယ်။

ဒီအလွှာပြီးတဲ့ အခါ နောက်ထပ် စဉ်းစားရမယ့်
အလွှာကတော့ ထင်ရှားအောင် ဖေါ်ပြချင်တဲ့
အရာတွေကို ပေါ်လွင်အောင် ဖေါ်ပြပေးမယ့်
Accent Lighting ဆိုတဲ့ အလွှာ ဖြစ်ပါတယ်။

( ဆက်တင်ပေးသွားပါမည်။)
REF;   -Interior Lighting for Designer
          -A Brief History of Mankind
          - Myself;
#ELEC Engineering Training

( ဆက်တင်ပေးသွားပါမည်။)REF;   -Interior Lighting for Designer          -A Brief History of Mankind          - Myself;#ELEC Engineering Training

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Interior Lighting အကြောင်းစ​လေ့လာရ​အောင်Where stories live. Discover now