part 38

6 1 0
                                    

# Lighting Design လေ့လာသူများအတွက်#

LIGHTING FOR LIFE (အပိုင်း-၂)

“ ဦးနှောက်မုန်တိုင်းဆင်ခြင်း”

Idea သမားတယောက် အတွက်
Brainstorm (ဦးနှောက်မုန်တိုင်းဆင်ခြင်း)
ဟာအလွန်တန်ဖိုးရှိတဲ့ လုပ်ငန်းစဉ်ပါ။
အမှန်တော့ ဒီလုပ်ငန်းစဉ်ဟာရိုးရှင်းပါတယ်။
အကြောင်းအရာတခု၊ခေါင်းစဉ် တခုနဲ့ပတ်သက်လို့
စဉ်းစားလို့ရနိုင်သမျှ စိတ်ကူးစိတ်သန်းတွေ
အားလုံးကိုတခုခြင်းချရေးပြီး ပြန်လှန်
သုံးသပ်တာပါ။

ဦးနှောက် မုန်တိုင်းဆင်ခြင်းနဲ့ ပတ်သက်တဲ့
အခြေခံဥပဒေသတခုဘဲရှိပါတယ်။
အဲ့ဒါကတော့ “There are no wrong answer
in a Brainstorm “.
ထွက်လာတဲ့ စိတ်ကူးစိတ်သန်းတွေမှာမှားတဲ့
စိတ်ကူးဆိုတာမရှိပါ။ မပြည့်စုံတဲ့ စိတ်ကူးသာ
ရှိပါတယ်။ အကောင်းဆုံး Lighting Design ဟာ
အမှန်ဆုံးမဟုတ်ပါ။ လောလောဆယ် စဉ်းစားလို့
ရနိုင်သမျှထဲကအပြည့်စုံဆုံး Design လို့ဘဲ
သတ်မှတ်လို့ ရပါတယ်။

အကယ်၍ Designer တယောက်ဟာကိုယ်က
အပြည့်စုံဆုံးလို့ ထင်တဲ့ စိတ်ကူးစိတ်သန်းကို
ရခဲ့ရင်တောင် အဲ့ဒီမှာရပ်မနေသင့်ပါ။
ခင်ဗျားခေါင်းထဲမှာပုန်းခိုနေတဲ့
အခြားစိတ်ကူးစိတ်သန်းတွေ
ရှိနေနိုင်ပါသေးတယ်။
ဒါ့ကြောင့် ခနနားပါ။ရေသောက်ပါ၊လေ၀၀ရှုပါ။
ထပ်စဉ်းစားပါ။ထပ်ချရေးပါ။
နောက်ဆုံးခေါင်းထဲမှာမုန်တိုင်းမိုးရွာ
ချသလို ပြောင်သလင်းခါပြီးဘာမှမကျန်
တော့တဲ့ အထိစဉ်းစားပါ။ ချရေးပါ။

Brainstorm ပြုလုပ်ခြင်းဟာ Designer
တယောက် အဖို့တော့ Design နဲ့ ပတ်သက်လို့
စိတ်ထဲကထွက်လာသမျှ စိတ်ကူးစိတ်သန်း
အကြံဥာဏ်များကို အာရုံ၀င်စားပြီး ပိုမိုအားကောင်း
ဖွံဖြိုးစေကာပိုမိုဆန်းသစ်တဲ့ အကြံဥာဏ်များ
ရရှိစေမှာ ဖြစ်ပါတယ်။

ဒီလိုထွက်လာတဲ့ စိတ်ကူးစိတ်သန်းအကြံဥာဏ်
တွေကလဲ Designer ရဲ့ ဖြတ်သန်းရာဘ၀၊
ပညာရည်၊ အတွေ့အကြုံ၊အာရုံစူးစိုက်မှု စတာတွေ
အပေါ်မူတည်နေမှာ ဖြစ်ပါတယ်။

အဲ့ဒီတော့ ခင်ဗျားပထမဆုံးလုပ်ရမှာကထွက်လာတဲ့
အကြံဥာဏ်တွေကိုဇယားလုပ်ပြီးချရေးဖို့ပါဘဲ။
ဒီလိုချရေးခြင်းဟာတနည်းအားဖြင့် အဲ့ဒီအကြံဥာဏ်ကို
ခေါင်းထဲကထုတ်ပစ်လိုက်တာပါဘဲ။ဒီတော့ ခေါင်းရှင်း
သွားပြီးနောက်ထပ် အကြံဥာဏ်တွေ၊ စိတ်ကူး
စိတ်သန်းတွေ ထပ်ထွက် လာနိုင်မှာပါ။
ဒါ့အပြင် ဖြတ်ခနဲစဉ်းစားမိတာတွေကိုချရေး
ထားလိုက်တဲ့ အတွက် မေ့ပျောက်သွားတာမျိုး
မဖြစ်နိုင်တော့ပါ။

Interior Lighting အကြောင်းစ​လေ့လာရ​အောင်Where stories live. Discover now