Fixed Downlight Vs Adjustable Downlight ✌🏻
Adjustable downlight နဲ့ Fixed Downlight ဟာ ceiling (မျက်နှာကျက်) မှာ တပ်ဆင်ပြီးကြည့်ရင်တော့ downlights တွေရဲ့ ပုံစံအနေအထားဟာ ယေဘုယျအားဖြင့် တူတူပါပဲ….
ဒါပေမယ့် အသေးစိတ်လေ့လာကြည်မယ်ဆိုရင် တော်တော်လေး ကွဲပြားပါတယ်….
(1) အသုံးပြုတပ်ဆင်ရမယ့် Application Area ပေါ် မူတည်ပြီး ကွဲပြားခြင်း 👷♂️
🔎Fixed Downlight တွေကို bedroom, corridor, living room စတဲ့ အလင်းညီညီနဲ့ လှနေဖို့လိုအပ်တဲ့ နေရာတွေမှာ အသုံးပြုနိုင်ဖို့ ထုတ်လုပ်ထားတာဖြစ်ပြီး
🔎နံရံတွေမှာ အလှဆင်ထားတဲ့ ပန်းချီကားတွေ၊ အလှပြရုပ်ထုတွေ၊ အရောင်းပြခန်း(showroom) တွေ၊ boutique တွေမှာဆိုရင် ခင်းကျင်းပြထားတဲ့ object တွေ အများကြီးကို မရောထွေးစေဘဲ object တခုချင်းစီရဲ့အလှကို သေချာပေါ်လွင်အောင် အလင်းပေးဖို့အတွက် Adjustable Downlight ကိုထုတ်လုပ်ထားတာပါ…👌
(2) အလင်းဖြာကျတဲ့ Beam Angle Range ပေါ် မူတည်ပြီး ကွဲပြားခြင်း
🔎Fixed Downlight တွေဟာ wide beam angle (110ဒီဂရီ မှ 125ဒီဂရီအတွင်း) ထုတ်လုပ်နိုင်ပြီး
🔎Adjustable Downlight တွေကတော့ narrow beam angle (15ဒီဂရီ မှ 60ဒီဂရီအတွင်း) ထုတ်လုပ်လေ့ရှိပါတယ် narrow beam angle နဲ့ အလင်းပေးခံရတဲ့ object တွေဟာ wide beam angle နဲ့ အလင်းပေးထားတဲ့ object တွေထက် ပိုမိုလှပကြွရွ နေတာကလည်း Adjustable Downlight တွေရဲ့ အားသာချက်တစ်ခုပါ 👍
Adjustable Downlight နဲ့ Fixed Downlight ရဲ့ သိသာတဲ့ ကွဲပြားချက်တွေကို လေ့လာပြီးဘီ ဆိုရင်တော့ Adjustable Downlight လေးတွေရဲ့ အားသာချက် အချို့ကို ပုံလေးတွေနဲ့ အတူ လေ့လာကြည့်ကြရအောင်နော် ☺️👇
YOU ARE READING
Interior Lighting အကြောင်းစလေ့လာရအောင်
Non-FictionProfessionalမဟုတ်ပါ။သိသလောက်ကိုnotebookသဘောပြန်ကြည့်လို့ရအောင်ရေးခြင်းဖြစ်သည်။