# Lighting Design လေ့လာသူများအတွက်#
LIGHTING FOR LIFE (အပိုင်း-၄)
လူ နှင့် အလင်းအလင်း ဒီဇိုင်းတွေကို စတင်မလေ့လာခင်
စိတ်ခံစားချက် ဖန်တီးမှု နဲ့ ပတ်၀န်းကျင်အပေါ်
ကျွှန်တော်တို့ရဲ့အမြင်ကို ပြောင်းလဲအောင်
လုပ်ဆောင်မှုတွေမှာ အလင်းက ဘာကြောင့်
အသုံး၀င်တဲ့ ကိရိယာတခုဖြစ်နေသလဲ
ဆိုတာ အချိန်နဲနဲပေးပြီး လေ့လာကြည့်
ရအောင်…ပတ်၀န်းကျင် တခုကို ကျွှန်တော်တို့ ရောက်ရှိတဲ့ အခါ
အဲ့ဒီ ပတ်၀န်းကျင်နဲ့ကျွှန်တော်တို့ကြားမှာ စက္ခုအာရုံ၊
အသံ၊အနံ၊အထိအတွေ့ ဆိုတဲ့ အာရုံခံစားမှု တွေကို
ကြားခံအဖြစ် အသုံးပြုပြီး ထိတွေ့ပါတယ်။
အဲ့ဒီ အထဲကမှ စက္ခုအာရုံဆီက အဲ့ဒီပတ်၀န်းကျင်နဲ့
ပတ်သက်တဲ့ သတင်းအချက်အလက် အများစုကို
ရရှိတာဖြစ်ပါတယ်။စက္ခုအာရုံဆိုတာ တကယ်တော့ အလင်းထုတ်လွှင့်ခြင်း။
အလင်းပြန်ခြင်း၊အလင်းဖမ်းယူခြင်း စတဲ့ဖြစ်စဉ်တွေပါတဲ့
အလင်းတဲ့ ထုတ်ကုန်တခုဖြစ်ပါတယ်။အရာ၀တ္ထုတခု အပေါ်ကို အလင်း ကျရောက်တဲ့အခါ
အလင်းထဲမှာပါတဲ့ အချို့ရောင်စဉ်တွေက အလင်း
မပြန်ဘဲ အချို့က အလင်းပြန်ပါတယ်။ အဲ့ဒီ ပြန်လာတဲ့
အလင်းက လူ့မျက်လုံးဆီရောက်တဲ့ အခါမှာ အဲ့ဒီ
အရာ၀တ္ထုကို ကျွှန်တော်တို့ မြင်တွေ့ရတာဖြစ်ပါတယ်။
လူ့မျက်လုံးဆိုတာ ကင်မရာနဲ့ အတော်ဆင်ပါတယ်။
မျက်လုံးမှာပါရှိတဲ့ အလင်းအာရုံခံ အစိတ်အပိုင်း
တွေက ပြင်ပက ၀င်ရောက်လာတဲ့ အလင်းစွမ်းအင်ကို
ဖမ်းယူပြီး Electrical Impulses များအဖြစ်ပြောင်းလဲ
ပေးကာ ဦးနှောက် ဆီကို ပို့ဆာင်ပေးပါတယ်။
ဦးနှောက်ကမှ ရလာတဲ့ ပုံရိပ်တွေကို အဓိပ္ခါယ်ဖော်
ဆောင်ပေးတာဖြစ်ပါတယ်။အဲဒီလို အမြင်ဆိုင်ရာ ဇီဝြဖစ်စဉ်ကြောင့် အလင်းက
စိတ်ခံစားမှုကို ဖန်တီးတယ်ဆိုတဲ့ ကိစ္စဖြစ်လာတာပါ။
ဘာလို့လဲဆိုတော့ မျက်လုံးက ပုံရိပ်ဖမ်း ကိရိယာ
သက်သက်ဖြစ်ပြီး ဦးနှောက်ကမှ ပုံရိပ်တွေကို
အဓိပ္ခါယ်ဖော်ရလို့ပါ။အဲ့လို အဓိပ္ခါယ်ဖေါ်တဲ့နေရာ
မှာလည်း မျက်လုံးက ရတဲ့ ပုံရိပ်တခုတည်းကို
အခြေခံပြီး အဓိပ္ခါယ် ဖေါ်တာမဟုတ်ပါဘူး။
ကျွှန်တော်တို့ခေါင်းထဲမှာ အစထဲက ရှိနှင့်ပြီး
ဖြစ်တဲ့ ပင်ကိုဗီဇအသိတွေ၊ အမှတ်သညာတွေ၊
ဗဟုသုတတွေအပေါ်မူတည်ပြီး အဓိပ္ခါယ်ဖေါ်တာ
ဖြစ်ပါတယ်။
YOU ARE READING
Interior Lighting အကြောင်းစလေ့လာရအောင်
Non-FictionProfessionalမဟုတ်ပါ။သိသလောက်ကိုnotebookသဘောပြန်ကြည့်လို့ရအောင်ရေးခြင်းဖြစ်သည်။