# Lighting Design လေ့လာသူများအတွက်#
LIGHTING FOR LIFE (အပိုင်း-၇)အလင်း အနည်းငယ် နှင့် ဒီဇိုင်းပြုလုပ်ခြင်း
‘ It ‘s all about placement’ကောင်းမွန်တဲ့ အလင်းဒီဇိုင်း တခုရဲ့
အရေးကြီးဆုံး အချက်ကတော့
ဘယ်နေရာတွေကို အလင်းပေးထားတယ်
ဆိုတာပါဘဲ။
လူရဲ့စိတ်ခံစားမှု၊အမူအကျင့်တွေနဲ့
အလင်းရဲ့ဆက်စပ်ပုံကို လေ့လာသိရှိ
ပြီးတဲ့ အခါမှာ နေရာတခုရဲ့ ဘယ်အရာ
တွေကို အလင်းပေးမလဲ၊ ဘယ်လို
အလင်းပေးမလဲ ဆိုတာ စဉ်းစားဖို့
လိုပါတယ်။လျှပ်စစ် အင်ဂျင်နီယာလုပ်ငန်းမှာ
ကျွှန်တော်တို့ လိုက်နာဖို့ သတ်မှတ်
ထားတဲ့ စံသတ်မှတ်ချက်တွေ ရှိပါတယ်။
အဲ့ဒီ စံသတ်မှတ်ချက်တွေမှာ အလင်းနဲ့
ပတ်သက်တဲ့ စံသတ်မှတ်ချက် တွေလဲ
ပါ၀င်ပါတယ်။ဘယ်နေရာဆိုရင်
အလင်း ပမာဏဘယ်လောက်
ရှိသင့်တယ် ဆိုတာမျိုးပါ။သာမန် working place တခုကို
ဒီဇိုင်းလုပ်တဲ့ အခါ Designer က
အဲ့ဒီ စံသတ်မှတ်ချက်တွေ အတိုင်း
သတ်မှတ်တဲ့ အလင်းပမာဏ
ရရှိအောင် တွက်ချက်ပြီး
ဒီဇိုင်းလုပ်ပေးလို့ ရပါတယ်။ဒါပေမယ့် နေရာတစ်နေရာဟာ
အလုပ်လုပ်ဖို့တင်မက စက္ခုအာရုံ
ဆွဲဆောင်မှု ရှိချင်တယ်။လူတွေရဲ့
စိတ်ခံစားမှု တွေကိုလဲ စေ့ဆော်
ပေးချင်တယ် ဆိုရင်တော့
ဒီဇိုင်း လုပ်တဲ့ နေရာမှာ
အနည်းငယ် ရှုပ်ထွေးမှု
ရှိလာပါပြီ။ဒီလိုနေရာမျိုးကို ဒီဇိုင်းလုပ်မယ်
ဆိုရင် စံသတ်မှတ်ချက်တွေနဲ့
တင် မလုံလောက်တော့ပါဘူး။
Designer အနေနဲ့ နေရာတခုလုံးကို
ခြုံငုံစဉ်းစားပြီးမှ သင့်တင့်တဲ့
Light Intensity,Colour နဲ့
Texture တို့ကို ရွေးချယ်ပြီး
အလင်းပေးပုံကို ဖန်တီးနိုင်
မှသာ ကောင်းမွန်တဲ့ Design
တခုရရှိမှာ ဖြစ်ပါတယ်။အဲ့ဒီလို မှန်ကန်တဲ့ အလင်းပေးပုံကို
ချဉ်းကပ်နိုင်ဖို့ အတွက် အလင်းနဲ့
လူရဲ့ အမြင်အာရုံတို့ရဲ့ ဇီဝဗေဒ
ဆိုင်ရာ ဆက်စပ်မှုလေးမျိုးကို
သိဖို့လိုပါတယ်။Adaptation;
လူ့မျက်လုံးမှာ သူ့ဆီ၀င်လာတဲ့
အလင်းပမာဏ အနည်းအများ
အလိုက် လိုက်လျောညီထွေ
မြင်နိုင်စွမ်းရှိအောင် ပြုလုပ်ပေး
နိုင်တဲ့ သူငယ်အ်ိမ်ရှိပါတယ်။
မှောင်တဲ့ နေရာကနေ လင်းတဲ့
နေရာကို ရုတ်တရက်
ထွက်လိုက်ရင်၊ လင်းတဲ့နေရာ
ကနေ မှောင်တဲ့နေရာကို
ရုတ်တရက် ထွက်လိုက်ရင်
မျက်စိကျင့်သားရအောင်
သူငယ်အိမ်မှာ ပါတဲ့ Cell
တွေက လုပ်ဆောင်ပေးပါတယ်။
ဒါကို Light Adaptation
လို့ခေါ်ပါတယ်။
YOU ARE READING
Interior Lighting အကြောင်းစလေ့လာရအောင်
Non-FictionProfessionalမဟုတ်ပါ။သိသလောက်ကိုnotebookသဘောပြန်ကြည့်လို့ရအောင်ရေးခြင်းဖြစ်သည်။