အချစ်ဦး နဲ့ ယှဥ်လာရင် လက်ရှိ ချစ်သူက အလိုလို ဘေးရောက်တယ် ဆိုတဲ့ စကား ကို အခုတော့ ကျွန်တော် ကောင်းကောင်းကြီး သိသွားပြီ။
ကိုယ် ရဲ့ နောက်ဆုံး ထွက်သက်ထိ မင်း လက်ကို ဆွဲသွားမှာမို့ သိမ်ငယ်စရာမလိုဘူး။
❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️
ပထမဦးဆုံး နှင်းကျတဲ့နေ့မှာ သူနဲ့ ကျွန်တော် အပြင်လောကမှာ စတင် တွေ့ဆုံခဲ့တယ်။ ကျွန်တော်တို့ နှစ်ယောက် တွေ့ဆုံပုံက နည်းနည်းတော့ ကသိကအောက် ဖြစ်စေတယ်။****တံတားပေါ်ကနေ ခုန်ချဖို့ လုပ်နေသော သူ့ကို ဆေးရုံကနေ ထွက်ပြေးလာတဲ့ ကျွန်တော်က ကယ်တင်ရတာတော့ မဟုတ်သေးသလိုပဲ။
ထိုနေ့က သူ့မျက်၀န်းတွေက လုံး၀ မှေးမိန်နေကာ လူ့လောကကြီးကို စိတ်ကုန်နေသလို
သူ ကို ကယ်တင်ပေးတဲ့ ကျွန်တော့် ကို တောင် ဆွဲထိုးသေးတယ်။ တကယ် လူဂွစာ ဗျာ။ သူမို့လို့ သမ္မတရဲ့ မြေးကို လက်သီးနဲ့ ထိုးရဲတာ။
အဘိုးကို ပြောရင် သေချာပေါက် သူ ထောင်နန်းစံရမှာ။ ဒါပေမယ့် ကျွန်တော် မပြောခဲ့ဘူး။ ဘာလို့ဆို ထိုသူ Mask ချွတ်လိုက်ချိန် ပေါ်လာတဲ့ မျက်နှာကို မြင်ပြီးနောက် ကျွန်တော် လောကကြီး ရပ်တန့်သွားတယ်။ ထိုသူဟာ ကျွန်တော် အရမ်းသဘောကျရတဲ့ မင်းသား ဖြစ်နေလို့ပဲ။
သူက တရုတ်ပြည်ပကြီးတွင် သာမက နိုင်ငံတိုင်းမှာပါ အမည်ကြီးနေသော မင်းသား၊ အဆိုတော် လန်ရှီးချန်!!! ကျွန်တော်ရဲ့ Idol တစ်ယောက်!
ရှီးချန် - အားချန် ဘာတွေ တွေးနေတာလဲ။
အသံနဲ့ အတူ အနားကို ၀င်ထိုင်လိုက်သော သူ!
ကျန်းချန် - ကိုကို နဲ့ စတွေ့တဲ့ အချိန်ကို ပြန်တွေးနေတာ။ ကျွန်တော် သိချင်တာ အဲ့တုန်းက ကိုကို ဘာလို့ တံတားပေါ်ကနေ ခုန်ချဖို့ လုပ်နေတာလဲ။
ထိုအကြောင်းကို ကျွန်တော် အရမ်းသိချင်တယ်။ မေးလိုက်တိုင်း စကားလမ်းကြောင်းလွှဲသွားတာမို့ သတိရတဲ့ ခါတိုင်း မေးဖြစ်တယ်။ သူဘက်ကလည်း လုံး၀ကို မဖြေ!!
ရှီးချန် - ကိုကို Toliet ၀င်လိုက်အုံးမယ်။
ပြုံးနေသော မျက်နှာက ချက်ချင်းတည်သွားကာ အခုလေးတင်မှ ထွက်လာသော Toilet ထဲ ပြန်၀င်သွားလေသည်။
YOU ARE READING
The One That Got Away [ Z & U ]/ { Completed }
FanfictionStart - 7.10.2021 Ending - 21.12.2021 Uni သုံးပွင်ဖြစ်လာခဲ့ရင် တစ်စုံတစ်ယောက်ကတော့ ထွက်သွားရမှာ ဓမ္မတာပဲ..... Zawgyi သုံးပွင့်ဆိုင် ဖြစ်လာခဲ့ရင် တစ်စုံတစ်ယောက်ကတော့ ထွက်သွား ရမှာ ဓမ္မတာပဲ...