❄️17❄️ [ Z ]

123 18 2
                                    

လမင်းကြီးက ထိန်ထိန်ညီးကာ လောကတစ်ခွင်ကို အလင်းပေးနေသည်။  ထိုလရောင်ဟာ မှန်ပြတင်းကို ဖြတ်ကာ ကုတင်ပေါ် တွင် အိပ်မောကျနေသော ကောင်လေး ကို နွေးထွေးမှု အပြည့်အ၀ ပေးနေသည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကောင်လေး ကို တစိမ့်စိမ့်ထိုင်ကြည့်နေသော ကောင်လေး ကတော့ အားနာမှုတွေ အပြည့်ဖုံးလွှမ်းနေသော မျက်ဝန်းများဖြင့် ကြည့်နေမိသည်။

ရှီးချန် - တောင်းပန်ပါတယ် အားချန်

ထိုကောင်လေး ကို စောင်ခြုံပေးပြီး သူကတော့ အခန်းထဲမှ တစ်ဆင့် စံအိမ်တော်ကြီးထဲမှ ထွက်လာခဲ့သည်။ သူ၏ ဉီးတည်ရာ က ခပ်လှမ်းလှမ်း မှာ ရှိနေသော ပင်လယ်ကြီး ဆီသို့

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှာ လှိုင်းပုတ်ခတ်သံမှ လွဲ၍ မည်သည့်အသံမှ မကြားရ။ သဲသောင်ပြင်ပေါ် ထိုင်ချလိုက်ပြီး ဘောင်ဘင်ခတ်နေသော ရေပြင်ကြီးကိုသာ စိုက်ကြည့်နေမိသည်။

ဘယ်လောက်ထိ အချိန်ကြာသွားမှန်း မသိ ကိုယ်ပေါ် ရောက်လာသော ခြုံထည်လေးကြောင့် မော့ကြည့်လိုက်တော့ အလှပဆုံး ပြုံးပြနေသော လူသားလေး

ရှီးချန် - အိပ်နေတာ မဟုတ်ဘူးလား။

ကျန်းချန် - အစကတော့ အိပ်နေတာ ဘေးနားမှာ အနွေးဓာတ်မရှိတော့လို့ ထလာတာ။

ရှီးချန် - Sorry ကိုယ် လေညင်းခံ ထွက်ချင်လာလို့။

ကျန်းချန် - အွန်း ရပါတယ်။

နှစ်ယောက်သားကြား ထပ်ပြီး ဘာစကားမှ ပြောစရာမရှိတော့လောက်အောင် ဖြစ်သွားရသည်။

အစကတည်းက တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်က အခုတော့ ပိုတိတ်ဆိတ်သွားသလို၊ ရေလှိုင်းတွေ ပုတ်ခတ်သံပါ မကြားရတော့သလိုပဲ

ကျန်းချန် - ၃ ရက် အချိန်ရှိသေးတယ် ကိုကို

ရှီးချန် - ဘာကို

ကျန်းချန် - ကျွန်တော့် အနားက ထွက်သွားဖို့ အချိန်၃ ရက် ကျန်သေးတယ်။

ရှီးချန် - အားချန်!

ကျန်းချန် - ကိုကို့ ကို ချစ်ရတာ ပင်ပန်းတယ်။ ဒါပေမယ့် ပင်ပန်းလို့ ဆိုပြီး ကျွန်တော့် သဘောနဲ့ ကိုကို့ ကို လက်လွှတ်လိုက်မယ်လို့ မထင်ပါနဲ့။  ကျွန်တော်ဘက်က စချစ်တာမို့ ဒီအချစ်ကို ကျွန်တော် ကိုယ်တိုင် မဖျက်ဆီးချင်ဘူး။

The One That Got Away [ Z & U ]/ { Completed }Where stories live. Discover now