❄️27❄️ [ U ]

237 39 2
                                    

မောင် ရဲ့ *ကိုယ်တို့ တွေ့ကြရအောင်* ဆိုသော မက်ဆေ့လ်ကို ရတော့ ပျော်မိတာ အမှန်၊ မောင် က ကွာရှင်းမဲ့ အကြောင်း ပြောပြီး အိမ်က ထွက်သွားခဲ့တာ တစ်ပတ်တင်းတင်း ပြည့်ခဲ့ပြီ။

ဒီတစ်ပတ်အတွင်းမှာ ဘာမှ မလုပ်နိုင်သလို ဘာမှလဲ မစားမသောက်နဲ့ ဆိုတော့ လူက နည်းနည်းတောင် အားယုတ်ချင်နေပြီ။ သို့သော်လည်း မောင့်မျက်နှာလေးကို မြင်ချင်တာကြောင့် အားတင်းကာ ရေချိုးခန်းထဲ၀င်ခဲ့ရသည်။

တစ်ကိုယ်ရည် သန့်ရှင်းရေး လုပ်ပြီးတဲ့ နောက်မှာတော့ လွတ်လပ်ပေါ့ပါးတော့ တီရှပ် တစ်ထည်ရယ် ရိုးရိုးချည်ဘောင်းဘီရယ်တာ ၀တ်ဆင်လိုက်သည်။

ကားလည်းမမောင်းချင်တာကြောင့် တက္ကဆီငှားကာ မောင်စောင့်နေတဲ့ကော်ဖီဆိုင် ကို ထွက်လာခဲ့သည်။

နာရီ၀က်လောက်နေတော့ မောင် ချိန်းဆိုထားသော ကော်ဖီဆိုင်လေးကို ရောက်လာခဲ့သည်။ ကျသင့်ငွေကို ရှင်းသာ ကားပေါ်မှ ဆင်းခဲ့ပြီး ကော်ဖီဆိုင် အတွင်းသို့ ၀င်လာခဲ့သည်။

ဆိုင်ထဲရောက်တော့ မောင့် ကို ရှာကြည့်လိုက်တော့ ဆိုင်ရဲ့ အတွင်းကျကျထောင့်ဆုံး ၀ိုင်းမှ လူကြီး တစ်ယောက်နဲ့ ထိုင်နေသော မောင့် ကို တွေ့လိုက်ရသည်။ ထို၀ိုင်းစီကို ဦးတည် သွားလိုက်ပြီး

မုန့်ယောင် - မောင်

ကျွန်တော်ခေါ်လိုက်တော့ လူကြီးနဲ့ စကားပြောနေသော မောင် မှာ ကျွန်တော့်ကို မော့ကြည့်လာသည်။

ရှီးချန် - အင်း ရောက်ပြီလား ထိုင်။

မောင် ရဲ့ ဘေးနားကလွတ်နေသော ခုံလေးမှာ ၀င်ထိုင်လိုက်သည်။ ခနနေတော့ ၀ိတ်တာလေးက ice - coffee တစ်ခွက် လာချပေးတာမို့ သဘောတကျ ပြုံးလိုက်မိသည်။ မောင် က ကျွန်တော့် အကြိုက်ကို မှတ်မိသေးတာပဲ။

ရှီးချန် - ကိုယ်ခေါ်လိုက်တာက ကိုယ်တို့ ကွာရှင်းဖို့ အတွက်

ကော်ဖီခွက်ကို လှမ်းနေတဲ့ ကျွန်တော့်လက်တွေ ရပ်တန့်သွားသလို မျက်နှာချင်းဆိုင်က ဦးလေးကြီးကလည်း ကျွန်တော့်ရှေ့ကို စာချုပ်၂စောင် ချပေးလာသည်။

The One That Got Away [ Z & U ]/ { Completed }Where stories live. Discover now