❄️3❄️ [ U ]

316 56 3
                                    

2011 ခုနှစ် အထက်တန်းကျောင်းတွေ ပြန်ဖွင့်သော June လရဲ့ ပထမဆုံးရက်၊ ပေကျင်းမြို့ ရဲ့ အမည်ကြီးသော အထက်တန်းကျောင်း တစ်ကျောင်းတွင် တူညီ၀တ်စုံ ၀တ်ဆင်ထားသော ကျောင်းသူ/ကျောင်းသားများ၊ ဆရာ/ဆရာမများဖြင့် ကျောင်း၀န်းကြီးက သက်၀င်လှုပ်ရှားနေသည်။

သူ့အုပ်စုနဲ့ သူ ဖောင်ဖွဲ့ကာ စကားပြောနေကြသော ကျောင်းသား/ ကျောင်းသူ အုပ်စုတွေထဲတွင် လန်ရှီးချန် တို့ သူငယ်ချင်း သုံးယောက်လည်း ပါ၀င်လေသည်။

မုန့်ယောင် - ရှီးချန် Congratulation ပါ

ရှီးချန် - ကျေးဇူး အားယောင်။ အားယောင် ကိုယ် တောင်းထားတဲ့ အဖြေရော

မင်ဂျွယ် - ရှီးချန် မင်းက အခုမှ တတ်သစ်စလေ။ ဘယ်နှယ့် ရည်းစားထားဖို့ တာဆူနေတာတုန်း။

ရှီးချန် - တတ်သစ်စ ဖြစ်တာနဲ့ ရည်းစားမထားရဘူးလား။ ငါ အားယောင်ကို အလယ်တန်း ကတည်းက ချစ်ခဲ့တာ မင်းအသိကို။

မင်ဂျွယ် - သိတာပေါ့ကွာ။ ဒါပေမယ့် ရည်းစားထားလိုက်ရင် Fan တွေက မင်းကို အားပေးတော့မှာ မဟုတ်ဘူး။

မုန့်ယောင် - တကယ်ကြီးလား။ ဒါဆို

ရှီးချန် - ကိုယ်တို့ တိတ်တိတ်ကလေး တွဲကြမယ်လေ။ ဘယ်သူမှ မသိအောင်။ ကိုယ် ဒီထက်မက အောင်မြင်လာရင် အားယောင်ကို လူရှေ့သူရှေ့ ချပြမယ်။

မုန့်ယောင် - တကယ်လား။

ရှီးချန် - တကယ်ပေါ့။ ကိုယ့်ကို ချစ်တယ်မလား ဟင်။

မုန့်ယောင် - အင်း ကျွန်တော် မောင့် ကို ချစ်တယ်။

ပထမဦးဆုံး ကျောင်းဖွင့်ရက်မှာ ချစ်ရသူဆီက အဖြေကို ရခဲ့တဲ့ အတွက် ရှီးချန် အရမ်းကို ပျော်ခဲ့သည်။ သူငယ်ချင်းတွေမှန်း သိနေတော့ သူတို့ကို သိပ်ပြီး အရေးမလုပ်ကြ။ လစ်ရင် လစ်သလိုတော့ အားယောင် ကို ခိုးခိုးနမ်းသည်။

တစ်ချို့တွေကတော့ အပျော်တန်း Ship ကျတဲ့ လူတွေ ရှိကြသလို တကယ်ကြီး Ship တဲ့ လူတွေပါ ရှိသည်။ တဖြည်းဖြည်း Ship လာမှုတွေ များလာတော့ ရှီးချန် ရဲ့ CEO က သဘောမကျချင်တော့ပေ။

The One That Got Away [ Z & U ]/ { Completed }Where stories live. Discover now