❄️25❄️ [ U ]

242 42 2
                                    

ဝေ့ - ကျန်းချန် မင်း အားလား

ကျန်းချန် - အားတယ်လေ။ ဘာလို့လဲ။

ဝေ့ - အားရင် မင်း လန်အိမ်တော်ကို မနက်ဖြန် လိုက်ခဲ့ပေးပါလား။ မင်း အဆင်ပြေမှပါ။

ကျန်းချန် - လန်အိမ်တော်!

လန်အိမ်တော်လို့ ပြောလိုက်တာနဲ့ မျက်နှာညှိုးသွားသော သူကြောင့် ဝေ့ရင်း သက်ပြင်းချလိုက်မိသည်။

ဝေ့ - မင်း အဆင်ပြေလား။

ကျန်းချန် - ငါ လိုက်ခဲ့မယ်။ လန်ဦးဦး ကိုလည်း ငါပြောစရာ ရှိလို့။

ဝေ့ - လန်ဦးဦး က ရှီးချန်ကော ကို ပေးမဲ့ အမွေတွေ မင်းကိုပေးတယ်။ မင်းကလည်း မယူဘူး။ လန်ကျန့်ကလည်း သူ့ဝေစု ပဲ ယူမယ်ပြောတယ်။ လန်ဦးဦး က မင်းနဲ့ တွေ့ပြီး သေချာဆွေးနွေးချင်လို့ ငါ့ကို တမင်ပါလာအောင် ခေါ်ခဲ့ခိုင်းတာ။

ကျန်းချန် - ၀ူရှန့် အကယ်၍ ငါ ကိုကို့ ကို ရအောင်ပြန်ယူခဲ့ရင် မင်း ငါ့ကို အပြစ်တင်မှာလား။

ဝေ့ - ငါ မင်းတို့ သတင်းတွေကို တွေ့တယ်။ မင်းဘ၀ နဲ့ ဆိုင်တာမို့ ၀င်မစွတ်ဖက်ချင်ဘူး။ ဒါပေမယ့် ရှီးချန်ကော ကိုတော့ မင်းလျစ်လျူမရှုနဲ့။ မင်း ဘက်က ချစ်နေပြီး သူ့ဘက်က မချစ်ရင်ရော။ လူကိုယ်သာ ပိုင်ဆိုင်ရပြီး နှလုံးသား ကို မရရင် မင်း ပင်ပန်းနေလိမ့်မယ်။

ကျန်းချန် - ကိုကို က ငါ့ကို ချစ်တယ်တဲ့။

ဝေ့ - ဘယ်တုန်းက ပြောတာလဲ။

ကျန်းချန် - ငါတို့ အတူတူနေပြီးတိုင်း

ဝေ့ - သူ့ရင်ထဲက စကားလား။ မင်း နဲ့ အတူတူနေလိုက်လို့ အားနာလို့ ပြောတဲ့ စကားလား။

ထိုသို့မေးလိုက်တော့ ကျန်းချန် ပြန်မဖြေနိုင်။ အပြင်မှာတွေ့လို့ မေးရင်တော့ ကိုယ့်ချစ်တာကို တကယ်ပဲ မယုံတာလားလို့ ပြန်ပြန်မေးတတ်သေး

ကျန်းချန် - ငါ မသိတော့ဘူးကွာ။ သေချာတာတော့ ငါ ကိုကို့ ကို ချစ်တယ်။ အပိုင်လိုချင်တယ်။ ငါ ဗီလိန် ဖြစ်ချင် ဖြစ်သွားပါစေ ကိုကို့ ကို ရအောင် ယူမယ်။

ဝေ့ - အစွဲအလန်းကြီးလိုက်တာ။

ကျန်းချန် - မင်းမှ မချစ်ဖူးတာ။

The One That Got Away [ Z & U ]/ { Completed }Where stories live. Discover now