❄️12❄️ [ Z ]

137 19 2
                                    

လန်ကျန့် - ကျန်းဝမ်ရင်  မင်း နှလုံးက အခြေအနေကောင်းရဲ့လား။

ကျန်းချန် - ကောင်းပါတယ်။ အိမ်မှာ ဝေ့ကော ကလည်း ဂရုစိုက်ပါတယ်။

လန်ကျန့် - အင်း ကိုကို ကလည်း ဂရုစိုက်ပေးလိုက်အုံးနော်။

ရှီးချန် - ဂရုစိုက်ရမှာပေါ့။ ကိုယ့် သတို့သားလောင်းလေးကို

- သားတို့ရေ ထမင်းစားရအောင်။

လန်မားမား ရဲ့ အော်ခေါ်သံကြောင့် ၃ယောက်လုံး အပေါ်ထပ်မှ ဆင်းလာကြသည်။ ထမင်းစားခန်းထဲရောက်တော့  ဖိတ်ဖိတ်တောက်နေသော ကျွန်းစားပွဲခုံရှည်ကြီးပေါ်မှာ တည်ခင်းထားသော ဟင်းပွဲတွေက အလျှံအပယ်!

- လာ သားအားချန် ထိုင်။ သား ဘာကြိုက်တတ်မှန်း မသိလို့ အားရီက အဆင်ပြေတာလေးတွေ ချက်ထားတာ။

ကျန်းချန် - ကျွန်တော်က ဘာဖြစ်ဖြစ်စားပါတယ် အားရီ။

- ဟေး ကိုယ် တို့ ညီအစ်ကိုကို မစောင့်ပဲ ထမင်းစားကြမယ်ပေါ့

အသံနဲ့ အတူ ထမင်းစားခန်းထဲရောက်လာသော လန်သခင်ကြီး ၂ယောက်!

- အိုး မဟုတ်တာ အခုပဲ လာခေါ်တော့မလို့။

နေရာကိုယ်စီ ၀င်ထိုင်ကြပြီးနောက် ထမင်းစ စားကြသည်။ ထမင်းစားခန်းထဲ ဇွန်းသံ ခွက်သံမှ အပ မည်သည့် အသံမှ မကြားရ

ရှီးချန် ကတော့ ဘေးနားက တစ်ယောက်သော သူကိုသာ ဟင်းတွေ ဂရုတစိုက်နဲ့ ထည့်ပေးနေမိသည်။

သူတို့နှစ်ယောက်ကို ကြည့်ပြီး လူကြီးတွေက တပြုံးပြုံးနဲ့။ စားသောက်ပြီးလို့ ဧည့်ခန်းထဲမှာ ထိုင်ကာ သစ်သီး စားကြရင်း

- အားချန်  သားရဲ့ ပါးပါး ပြန်ရောက်နေတယ်ဆို

ကျန်းချန် - ဟုတ်ပါတယ် ဉီးလေး။

- အင်း သန်ဘက်ခါည ကျရင် ထမင်းစားလာဖို့ ဖိတ်ချင်ပါတယ်။ တစ်မိသားစုလုံး လာခဲ့ကြပါ။

ကျန်းချန် - ဟုတ်ကဲ့။ ကျွန်တော်ပြောလိုက်ပါမယ်။

- အားချန် သား ပန်းသီး များများစား။ ပန်းသီးက နှလုံးအတွက် ကောင်းသလို သွေးလည်ပတ်မှု အတွက်ပါကောင်းတယ်။

The One That Got Away [ Z & U ]/ { Completed }Where stories live. Discover now