❄️37❄️😘Ending😘 [ Z ]

208 20 6
                                    

ပေကျင်းဆီ အလောင်းပြန်သယ်ဖို့ လုပ်ထားပေမယ့် ညနေစောင်းနေပြီမို့ မနက်ဖြန် မှ သယ်ဖို့ စီစဉ်ထားသည်။ ဆေးရုံမှာလည်း  ဈာပနာ ပွဲ ကို တစ်ည ကျင်းပရန် တောင်းဆိုထားသည်။

ကျန်းချန် ၊ ရှီးချန် ရဲ့ ခေါင်းတလားရှေ့မှာ ထိုင်ကာ

ကျန်းချန် - ကိုကို ညာတယ်။ ကိုကို မကောင်းဘူး။ ကျွန်တော့်ကို တစ်ယောက်တည်း ထားခဲ့တယ်။ ရွှတ်!

- မြေးအားချန်

ကျန်းချန် - ဖိုး!! ကိုကို့ ကို ပြန်ခေါ်ပေးပါလား။ သား ကိုကို မရှိပဲ မနေနိုင်ဘူး။ အီးဟီး ကိုကို့ ကို ပြန်ခေါ်ပေးပါ

အဖိုးဖြစ်သူ ရင်ခွင်ထဲ ၀င်ကာ သူ့ချစ်ရသူကို ပြန်ခေါ်ပေးဖို့ ​တောင်းဆိုနေသော ကျန်းချန် ကို ကြည့်ပြီး အားလုံး စိတ်မကောင်းကြ!!

ထိုင်ဝမ်မှာ ရှိတဲ့ ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေ Entertainment တွေက လူတွေဟာ ရှီးချန် ကို လာရောက်နှုတ်ဆက်ကြသည်။ တစ်ချို့ စီးပွားရေး လုပ်ငန်းရှင်တွေကအစ

သူတို့ ကျန်းဝမ်ရင် ကို နှုတ်ဆက်ချင်ပေမယ့် အသက်မရှိသူလို ထိုင်နေသော ကောင်လေးကြောင့် ကျန်သူတွေကိုသာ နှုတ်ဆက်ခဲ့ ရသည်။

- ဒီက အစ်ကို ကျွန်တော်တို့ တောင်းပန်ပါတယ်။ ပြီးတော့ ကျေးဇူးတင်ပါတယ်။

ကျန်းချန် သူ့ကို စကားလာပြောသော သူတွေကို ကြည့်ကာ

ကျန်းချန် - ခင်ဗျားတို့က ဘယ်သူလဲ။

- ကျွန်တော်တို့က ဒီကလေးရဲ့ မိဘတွေပါ။ ကျွန်တော် တို့ ကလေး ကို ကယ်ပေးရင် အစ်ကိုရှီးချန် သေသွားရတဲ့ အတွက် ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး။

ကျန်းချန် - စိတ်မကောင်းဘူး။ ခင်ဗျားတို့ လာတောင်းပန်တာနဲ့ ကိုကို က အသက်ပြန်ရှင်လာမှာလား။ ခင်ဗျားတို့က ဘာလုပ်နေလို့ ကလေးတစ်ယောက်လုံး လမ်းမပေါ် တတ်သွားတာ မမြင်ရတာလဲ။ ခင်ဗျား တို့ သိလား။ ကျွန်တော် တို့ ပေကျင်းရောက်ရင် လက်ထပ်တော့မှာ။ ပထမတစ်ကြိမ် ကိုကို့ ကို ဆုံးရှုံးပြီးပြီ။ ၈နှစ်လောက်နေပြီးမှ ပြန်လည် ဆုံစည်းရမဲ့ အခွင့်အရေး ကြီးက ခင်ဗျားတို့ ကလေးကြောင့် ဆုံးရှုံးသွားပြီ။

The One That Got Away [ Z & U ]/ { Completed }Where stories live. Discover now