❄️28❄️ [ U ]

228 36 27
                                    

ရှီးချန် - အားချန် ငြိမ်ငြိမ်ထိုင်နေလေ

ကျန်းချန် - အင့်ဟင်း တစ်လကြီးတောင် ခွဲရမှာမို့ အလွမ်းဖြေနေတာ

ရှီးချန် ရဲ့ ခါးကို ဖက်ကာ သွားလေရာ လိုက်နေသူလေးကြောင့် ဟင်းချက်ရတာ မလွတ်လပ်။

ရှီးချန် - အဲ့လို ဖက်ထားတော့ ကိုကို က ဘယ်လို ဟင်းချက်ရတော့မှာလဲ။

ကျန်းချန် - သိဘူး။ ချက်ချင် သလို ချက်။ ကျွန်တော်ကတော့ ဖယ်မပေးဘူး။

ရှီးချန် ခါးကို နောက်ကနေ တင်းကျပ်စွာ ဖက်လိုက်တော့

ရှီးချန် - ဟား ဟုတ်ပါပြီဗျာ။ ကျန်းသခင်လေး သဘောအတိုင်းပါပဲ။

ပြောမရတဲ့ နောက်ဆုံး လွှတ်တာ ထား လိုက်တော့သည်။ ဆက်ပြောရင် စိတ်ကောက် သွားမှာ စိုးလို့...

ဟင်း ၇မျိုးလောက်ကို တစ်ယောက်တည်း ပြာပန်းခတ်အောက် ချက်ပြီးတဲ့ နောက်မှာတော့ နဖူးစပ်က ချွေးလေးတွေကို တစ်ရှူးနဲ့ သုတ်ပေးလာတယ်

ကျန်းချန် - အားချန် ရဲ့ ကိုကို ပင်ပန်းသွားပြီ။

ရှီးချန် - အားချန် အတွက်ပဲ မပင်ပန်းပါဘူး။

ကျန်းချန် - ဟင်းရနံ့တွေက မွှေးနေတာပဲ။ ဗိုက်တောင် ဆာလာပြီ။

ရှီးချန် - ဗိုက်ဆာရင် စားစေဗျာ။

ကျန်းချန် - စားမှာ စားမှာ စိတ်ချ!

နှစ်ယောက်လုံး ထမင်းစားပွဲခုံ မှာ ထိုင်ကာ ထမင်းစစားကြတော့သည်။ လန်ရှီးချန် ကတော့ သူ့ဟာလေး အတွက် ဂဏန်းအသားနွှာပေးလေရဲ့

ကျန်းချန် ကလည်း သူစားလိုက် သူ့ချစ်ချစ်ကို ခွံ့ကျွေးလိုက်နဲ့ အဆင်ကို ပြေလို့

စားသောက်ပြီးနောက် နှစ်ယောက်အတူတူ သိမ်းဆည်းပြီး ပန်းကန်တွေ ဆေးကြောကြသည်။

ကျန်းချန် - ကိုကို ပန်းသီးစားချင်တယ်။

ရှီးချန် - ပြီးရင် ခွဲကျွေးမယ်။

ကျန်းချန် - စတော်ဘယ်ရီလေးရော စားချင်တယ်။

ရှီးချန် - အင်း 

ကျန်းချန် - ဟီး ကိုကို က အကောင်းဆုံး

ရှီးချန် ပန်းကန်တွေကို စင်ပေါ်မှာ အစီအရံ သေသေချာချာ မှောက်လိုက်ပြီးနောက် လက်ကို ရေသုတ်ကာ  အသီးခွဲဖို့ ပြင်ရတော့သည်။

The One That Got Away [ Z & U ]/ { Completed }Where stories live. Discover now