❄️31❄️ [ U ]

222 34 4
                                    

ကျန်းချန် - အွန်း အင်း!!

အပျင်းကြောဆန့်ရင်း နဲ့  ကျန်းချန် နိုးလာခဲ့သည်။ နိုးလာတော့ ခါးပေါ်က လေးလံမှု အပြင် လည်ဂုတ်ပေါ် ရိုက်ခတ်လာတဲ့ လေငွေ့နွေးနွေးကြောင့် အနောက်ကို လှည့်ကြည့်လိုက်တော့

ကျန်းချန် - ကိုကို!!

အိမ်မက်များ မက်နေလား ဆိုပြီး ကိုယ့်လက်ကို ပြန်ဆွဲဆိတ်ကြည့်လိုက်တော့

ကျန်းချန် - အ့!!

ရှီးချန် - ဘာဖြစ်တာလဲ အားချန်!

ရင်ခွင်ထဲက ကောင်လေး လှုပ်လီလှုပ်လဲ့ လုပ်နေတဲ့ အချိန်ကတည်းက နိုးနေခြင်း။ မိမိကို တွေ့ရင် ဘယ်လိုနေမလဲ ဆိုပြီး အိပ်ချင်ဟန်ဆောင်နေလိုက်တာ အ့ ဆိုတဲ့ အသံကြောင့် မှိတ်ထားသော မျက်လုံးတွေကို ဖွင့်ကာ ပြာပြာသလဲ မေးလိုက်တော့

ကျန်းချန် - တကယ် လန်ရှီးချန် ကြီးဟ!!!

ရှီးချန် - လန်ရှီးချန် အတု ရှိသေးလို့လား ကလေး ရဲ့

ကျန်းချန် ရဲ့ ပါးလေးကို ခပ်ဖွဖွလေးကိုင်ကာ ဆိုလိုက်တော့ အိခနဲ ငိုချလာသော သူ

ရှီးချန် - အားချန် ဘာဖြစ်လို့လဲ။

ကျန်းချန် - အီးဟီး ကိုကို မကောင်းဘူး။ ကျွန်တော်က ဖုန်းလေးကို Bl ရုံတင်ကို ကျွန်တော့်ကို အော်တယ်။ အီးဟီး ကျွန်တော် စိတ်ကောက်တာကိုလည်း မချော့တဲ့ အပြင် ကဒ်ကိုပါ ဖြုတ်ပစ်တယ်။

ရှီးချန် - ကိုကို ချော့မလို့ ဖုန်းစက်တော့ စိတ်ပိတ်ထားတာ ဘယ်သူလဲ။ ဖုန်းမကိုင်တာ ဘယ်သူလဲ။

ကျန်းချန် - အခု ကိုကို က ကျွန်တော့်ကို အပြစ်တင်နေတာလား။ အီးဟီး

ရှီးချန် - မငိုပါနဲ့တော့ကွာ။ ကိုကို မှားပါတယ် ဟုတ်ပြီလား။ ကိုကို တောင်းပန်တယ်။ တိတ်တော့ ကလေး တိတ်တော့

ကျန်းချန် - လူဆိုးကောင်၊ လူယုတ်မာ။ အကျင့်ပုတ်ကြီး

ရှီးချန် ရင်ဘက်ကို တဘုန်းဘုန်းထုကာ အော်ငိုလေရဲ့ ။  ရှီးချန် ကလည်း သူ့ကလေး လုပ်သမျှ ကို ပြုံးပြုံးကြီးနဲ့ ခံယူလေသည်။

The One That Got Away [ Z & U ]/ { Completed }Where stories live. Discover now