ရှီးချန် ၊ ကျန်းချန် နဲ့ ချိန်းထားသော ဟိုတယ် ကို ထွက်လာခဲ့သည်။ သူဟိုတယ်ရောက်တော့ ဟိုတယ်ဝန်ထမ်းလေးက ကျန်းချန် ရှိမဲ့ နေရာကို လိုက်ပို့ပေးသည်။ အစကတော့ ရိုးရိုးပဲ ထင်ခဲ့တာ အခန်းတစ်ခန်းရှေ့ရောက်မှ ခြေလှမ်းတွေ တွန့်ဆုတ် သွားသည်။
မဟုတ်သေးဘူး။ အခန်းမှားတာလား။ အားချန် က ဘာလို့ စားသောက်ခန်း မဟုတ်ပဲ ဒီလို အခန်းမျိုးကို ချိန်းရတာလဲ။
- ပျော်ရွှင်စရာကောင်းသော ညလေးကို ပိုင်ဆိုင်ပါစေ
ဖွင့်ပေးထားသော အခန်းထဲ ကို ၀င်လိုက်တာနဲ့ လိုက်ပို့သော ၀န်ထမ်းလေးက တံခါးကို အသာပိတ်ကာ ထွက်သွားလေသည်။
အခန်းရဲ့ အလယ်ကို ရောက်တော့ စားပွဲခုံပေါ်မှာ တင်ထားတဲ့ အစားအသောက်တွေက အလျှံအပယ်၊
ဂျောက်!!
အခန်းတံခါးဖွင့်သံကြားလို့ လှည့်ကြည့်လိုက်တော့ ခေါင်းကို ရေသုတ်ရင်း တန်းလန်းဖြင့် ထွက်လာသော သူ။ Bathrobe ကို ၀တ်ဆင်ထားပေမဲ့ ခါးစည်းကြိုးကတော့ လျော့တိလျော့ရဲ နဲ့
ဖြူဝင်းသော ရင်ဘက်အစုံမှာ တွဲခိုနေသော ရေစက်ကလေးတွေ၊ ကြည့်ရတာ အခုမှ ရေချိုးပြီးတာ ထင်တယ်။
ကျန်းချန် - ကိုကို ထိုင်လေ
ရှီးချန် - အင်း! ညကြီး ရေချိုးတာလား။
ကျန်းချန် - အင်း ကျွန်တော့် ရေချိုးချိန် က ညလေ
ရှီးချန် - မနက်ပိုင်း ကျတော့ရော
ကျန်းချန် - ကျွန်တော်က အိပ်ပုတ်လေ အိပ်ယာထ နောက်ကျလို့ မချိုးဖြစ်တာက ခပ်များများ အဟီး
ရယ်ကျဲကျဲ နဲ့ ပြောလာသော ကောင်လေးကြောင့် ကျွန်တော်ပါ အလိုလို ပြုံးလိုက်မိသည်။
သူဆံပင်ကို Dryer နဲ့ မှုတ်နေတာကိုလည်း သေချာ ကြည့်နေမိသည်။ အရင်က Dryer မသုံးတဲ့ လူက အခုတော့ Dryer သုံးနေပြီ။
ကျန်းချန် - ကျွန်တော်က အရမ်းပဲ ကြည့်ကောင်းနေလို့လား။
ရှီးချန် - အင်း မတွေ့ရတဲ့ ၈နှစ်အတွင်း မင်းအတော် ပြောင်းလဲ သွားပြီ
YOU ARE READING
The One That Got Away [ Z & U ]/ { Completed }
FanfictionStart - 7.10.2021 Ending - 21.12.2021 Uni သုံးပွင်ဖြစ်လာခဲ့ရင် တစ်စုံတစ်ယောက်ကတော့ ထွက်သွားရမှာ ဓမ္မတာပဲ..... Zawgyi သုံးပွင့်ဆိုင် ဖြစ်လာခဲ့ရင် တစ်စုံတစ်ယောက်ကတော့ ထွက်သွား ရမှာ ဓမ္မတာပဲ...