❄️33❄️ [ U ]

207 37 20
                                    

ကျန်းချန် - ကိုကို!!!!

လာကြိုသော ရှီးချန် ကို တွေ့တာနဲ့ လက်မှာဆွဲထားသော လက်ကေ့စ်ကို ပစ်ချကာ ရှီးချန် ကို ပြေးဖက်တော့သည်။

ရှီးချန် ကလည်း လက်နှစ်ဖက်ကို ဆန့်တန်းကာ ချစ်ရသူလေးကို ကြိုဆိုလေရဲ့!!

ကျန်းချန် - အရမ်းလွမ်းနေတာ ရွှတ်!

ရှီးချန် - ရော် ဘာလို့ငိုပြန်တာတုန်း။

အငိုသန်သော ဒီကောင်လေး မင်္ဂလာပွဲနေ့ကျမှ ထိုင်ငိုနေရင် ခက်ရချည်းရဲ့။ အခုနောက်ပိုင်း အတော့်ကို အငိုသန်လာပြီ ဒီကောင်လေးက

ကျန်းချန် - ၀မ်းသာလို့ အီးဟီး

ရှီးချန် - တိတ်တော့ လူတွေ ၀ိုင်းကြည့်နေကြပြီ။

ကျန်းချန် - ဂရုစိုက်စရာလား။ ကိုယ့်ချစ်သူ ကို ဖက်တာ ဘယ်သူမှ ဂရုစိုက်စရာ မလိုဘူး။

ရှီးချန် - ဟား ဟုတ်ပါပြီဗျာ။ ကဲ ကဲ အခုတော့ တိတ်တော့ အိမ်ရောက်မှ အကြိုက်ငို

ရှီးချန် ချော့လိုက်တော့မှ ဖက်ထားရာကနေ ခွာပြီး ရှီးချန် လက်မောင်းကို တွဲခိုတော့သည်။ ရှီးချန် ကလည်း သဘောကျစွာဖြင့် ကျန်းချန် ရဲ့ ဆံပင်တွေကို ထိုးဖွပြီး ဘေးက လက်ကေ့စ်ကို ယူကာ သူနေသော အိမ်ဆီသို့ ထွက်လာခဲ့သည်။

🖥️ကြည်နူးစရာကောင်းသော အတွဲလေး🖥️

ဆိုတဲ့ Post အောက်မှာ မန့်တွေက အများသား

- ငါတို့ အစ်ကိုက အရမ်းတွေပျော်နေတယ်။

- သူတို့ကမှ တကယ်လိုက်ဖက်တာ။

- ငါတောင် ကလေး ၂ယောက် ရပြီ။ ငါတို့ အစ်ကိုက အခုထိ ကျန်း၀မ်ရင် နဲ့ မညားသေးဘူး။

- မကြာခင် ညားတော့မှာပါ။

- သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလေးက ဒီတစ်ခါတော့ ဖြောင့်ဖြူးပါစေ။

Fan တွေရဲ့ ဆုမွန်ကောင်းတောင်းထားသော စာတွေကိုတော့ သူတို့နှစ်ယောက် မကြာခင်တော့ တွေ့မြင်မှာပါလေ။
❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️
ကျန်းချန် - ကိုကို တစ်ယောက်တည်းနေတာ မပျင်းဘူးလား။

The One That Got Away [ Z & U ]/ { Completed }Where stories live. Discover now