ဝေ့၀ူရှန့် အိမ်ပြန်ရောက်တော့ အစေခံတွေရော အဖိုးရော က နွေးထွေးစွာ ကြိုဆိုလေသည်။
- အားရှန့် ပြန်လာတာ ကြိုဆိုပါတယ်။
ဝေ့ရင်း - ဖိုးဖိုး ကို လွမ်းနေတာ
ခရီးဆောင်အိတ်ကို ပစ်ချကာ အဖိုးဖြစ်သူရဲ့ ရင်ခွင်ထဲ ၀င်ကာချွဲနွဲ့နေသော ဝေ့၀ူရှန့်
ဝေ့ - ကျန်းချန် ရော
- သားညီလေးက အပေါ်မှာ။ အိပ်နေပြီ ထင်တယ်။ ဟင်း!
ဝေ့ရင်း - ဖိုးဖိုး ဘာဖြစ်လို့လဲ။
- ဘာမှ မဖြစ်ပါဘူးကွယ်။ ကဲ သွားနားချင် သွားနားတော့။ ဖိုး လည်း ၀တ်ပြုလိုက်အုံးမယ်။
အဖိုးဖြစ်သူ ဘုရားခန်းထဲ ၀င်သွားတော့ ဝေ့ရင်း လည်း အပေါ်ထပ်ကို တတ်လာလိုက်သည်။ အပေါ်ထပ်မိမိ အခန်းထဲ အရင်မ၀င်သေးပဲ ညီဖြစ်သူရဲ့ အခန်းထဲ အရင်၀င်ကြည့်လိုက်တော့
ကုတင်ပေါ်မှာ စောင်ကြီးခြုံကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော သူကို တွေ့လိုက်ရသည်။ ချစ်ရတဲ့ညီလေးနား သွားကာ ကုတင်အစွန်းမှာ ထိုင်လိုက်ပြီး နဖူးပေါ် ကျနေတဲ့ ဆံပင်လေးတွေကို သပ်တင်လိုက်သည်။
မျက်နှာလေးက ဖြူဖျော့နေတာမို့ လက်ကောက်၀တ်က သွေးကြောကို စမ်းကြည့်လိုက်ခါမှ မူမမှန်သော သွေးခုန်နှုန်းကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
ဝေ့ရင်း - ဘာလို့ သွေးခုန်နှုန်း က နှေးနေရတာလဲ။
ဝေ့ရင်း ထိုအခန်းထဲမှ ထွက်ကာ မိမိအခန်းဘက် ၀င်လာလိုက်သည်။ Stethoscope နဲ့ Blood pressure monitor ပါ ယူပြီ ဒီဘက်အခန်းထဲ ပြန်၀င်လာလိုက်သည်။
Stethoscope ရဲ့ အားချန် ရဲ့ နှလုံးခုန်သံကို သေချာ နားထောင်ကြည့်တော့ နှေးနေတာမို့ သဘောမကျချင်။ သွေးပေါင်ချိန်တိုင်းကြည့်တော့လည်း ပုံမှန်ထက် လျော့နည်းနေတာမို့ စိုးရိမ်တာတော့ အမှန်
ဝေ့ရင်း - အားချန် အားချန် ထ ဆေးရုံသွားရအောင်။ အားချန်!!
ကျန်းချန် - အင်း! ဟင်း ကော အ့!!
ဖွင့်လာသော မျက်၀န်းတွေက မှိန်ဖျော့ဖျော့၊ ထထိုင်လိုက်ချိန် ရင်ဘက်ကို ဖိလိုက်သူကြောင့်
YOU ARE READING
The One That Got Away [ Z & U ]/ { Completed }
FanfictionStart - 7.10.2021 Ending - 21.12.2021 Uni သုံးပွင်ဖြစ်လာခဲ့ရင် တစ်စုံတစ်ယောက်ကတော့ ထွက်သွားရမှာ ဓမ္မတာပဲ..... Zawgyi သုံးပွင့်ဆိုင် ဖြစ်လာခဲ့ရင် တစ်စုံတစ်ယောက်ကတော့ ထွက်သွား ရမှာ ဓမ္မတာပဲ...