❄️34❄️ [ U ]

188 29 9
                                    

ရှီးချန် - အားချန် ဘုံကျောင်းသွားမယ်ဆို!

ကျန်းချန် - သွားမယ်လေ။

ရှီးချန် - သွားမယ်ဆို ထလေ။

ကျန်းချန် - ငါးမိနစ်လောက် ခနလေး။ ကျွန်တော် အရမ်းအိပ်ချင်သေးလို့။

ရှီးချန် - ၅မိနစ်ပဲနော်။

ကျန်းချန် - အင်း အင်း ၅မိနစ်ပဲ

လက်၅ချောင်း ထောင်ပြပြီး စောင်ပုံထဲ ပြန်တိုး၀င်သွားသော ကောင်လေးကြောင့် ပြုံးလိုက်မိသည်။

မနေ့ညက ဘုံကျောင်း သွားချင်တယ် ပြောလို့ ဒီမနက် နှိုးတာကို နှိုးလို့ လုံး၀မရသော ကောင်လေး ၊ တကယ့်ကို ချစ်မွှေးကြီးပါကွာ။

မနက်စာ အတွက် ပြင်ဆင်ပြီးလို့ နာရီကြည့်လိုက်တော့ ၈နာရီ ထိုးတော့မယ်။ ၅ မိနစ်လို့ ပြောတဲ့ ကောင်လေးက အခုထိ ထမလာသေး...

ကော်ဖီလေးကို နှပ်ထားပြီး အပေါ်ထပ်ကို တတ်ဖို့ အလုပ် ၀ုန်းဒိုင်းကြဲ ဆင်းလာသော သူလေးကြောင့်

ရှီးချန် - ဖြေးဖြေး လာပါ အားချန်။ မတော်လို့ ပြုတ်ကြရင် ကိုယ်ရင်ကျိုးရချည်ရဲ့

ကျန်းချန် - ကျွန်တော်က နောက်ကျနေပြီမို့။ ၅မိနစ်ဆိုပြီး နာရီ၀က်လောက် အိပ်ပျော်သွားတာ ဟီး

ရှီးချန် - အဲ့တော့ ရေမချိုးခဲ့ဘူးပေါ့။

ကျန်းချန် - မနေ့ညက ချိုးတယ်လေ။

ရှီးချန် - ညစ်ပတ်

ကျန်းချန် - ကျွန်တော့်ကို ဘယ်သူမှ လာမနမ်းဘူး။ နမ်းမဲ့သူက ကိုကို ပဲ ရှိတာ။

ရှီးချန် - ဟား ဟုတ်ပါပြီ။ လာ မနက်စာ စားမယ်။ ပြီးရင် ဘုံကျောင်းသွားမယ်။

မနက်စာ ၀ိုင်းမှာ ထိုင်လိုက်တာနဲ့ သင်းပျံ့သော ကော်ဖီရနံ့လေးက နှာခေါင်းထဲ တိုး၀င်လာသည်။

ကျန်းချန် - မွှေးနေတာပဲ။ ကျွန်တော် လည်း သောက်မယ်နော်။

ရှီးချန် - အားချန် အတွက် နို့များများနဲ့ ဖျော်ထားပေးတယ်။

ကျန်းချန် - ကိုကို ကျွန်တော် နှလုံး ခွဲစိတ်ထားတာ ၁၀နှစ်တောင် ရှိတော့မယ်နော်။

The One That Got Away [ Z & U ]/ { Completed }Where stories live. Discover now