❄️32❄️ [ U ]

206 32 6
                                    

ကျန်းချန် ငှားထားသော အခန်းထဲ ရောက်တဲ့အထိ ကျန်းချန် မှာ ရှီးချန်ကို ဖက်ထားရာကနေကို မခွာ သလို ရှိုက်သံလေးတွေကလည်း ထွက်နေတုန်း

ရှီးချန် - အားချန် တိတ်တော့နော်။ ကိုကို က အားလုံးကို ခွင့်လွှတ်တယ်နော်။ အားချန်ကိုလည်း အရမ်းချစ်တယ်။ တိတ်တော့ ကလေးလေး

ကျန်းချန် - အင့်!!

ရှီးချန် - ကြည့်ပါအုံး မျက်လုံးတွေ ရဲတွက်ပြီး ဖောင်းအစ်နေပြီ။

ကျန်းချန် ကို ရင်ခွင်ထဲမှ မနည်းဆွဲထုတ်ကာ မျက်နှာလေးကို ပင့်ယူပြီး ကြည့်လိုက်တော့ မျက်သားတွေက ရဲတောက်ပြီး မျက်အိမ်လေးတွေက ဖောင်းအစ်နေပြီ။

ကျန်းချန် - ကိုကို ကျွန်တော့်ကို မထားခဲ့နဲ့နော်

ရှီးချန် - မထားခဲ့ပါဘူး။ ကိုကို က ဘာလို့ ထားခဲ့ရမှတုန်း။

ကျန်းချန် - ကျွန်တော် ကြောက်တယ်။ ကိုကို ထားခဲ့မှာကို အရမ်းကြောက်တယ်။

ရှီးချန် - အားချန်ရယ်။ လေသာဆောင်ပေါ်မှာ အားယောင်နဲ့ ဘာဖြစ်ကြတာလဲ။

ကျန်းချန် - သူကပြောတယ်။ ကိုကို နဲ့ လေသာဆောင်မှာ ချိန်းထားတာတဲ့။ အဲ့တာကြောင့် ကျွန်တော်က စိုးရိမ်ပြီး အဲ့ပေါ် ရောက်လာတာ။

ရှီးချန် - ဟား! ကိုကို က အားချန် ကို ပျောက်လို့ လိုက်ရှာနေတာ။ မင်ဂျွယ်ကလည်း အားယောင် ပျောက်နေလို့ ကိုယ်တို့ အတူတူ လိုက်ရှာနေတယ်။ အားချန် က  အခန်းထဲကနေ ပြေးထွက်သွားလို့ ကိုယ်တို့လည်း နောက်ကနေလိုက်လာတာ။ အခန်းထဲက ပစ္စည်းတွေက အားချန် ရိုက်ခွဲထားတာလား။

ပွစာတတ်နေတဲ့ အခန်းကို ဝေ့ကြည့်ပြီး မေးလိုက်တော့ ခေါင်းငြိမ့်ပြလေသည်။

ရှီးချန် - အများကြီးလျော်ရတော့မှာပဲ။

ကျန်းချန် - ကိိုကို ကြောင့်ဖြစ်တာမို့ ကိုကို လျော်လိုက်။

ရှီးချန် - ကောင်းပါပြီဗျာ။ လင်ပိုင်ပစ္စည်းလည်း မယားပိုင်တာဆိုတော့ ကိုကို ပဲ ရှင်းလိုက်မယ်။

ကျန်းချန် - ဘာမယားတုန်း!!

ရှီးချန် - ဟုတ်တယ်လေ အားချန်က ကိုယ့်ဇနီးလေး၊ ကိုယ့်မယားလေး

The One That Got Away [ Z & U ]/ { Completed }Where stories live. Discover now