ချီးယားလ်!!
အရက်ခွက်ချင်း တိုက်လိုက်ကြပြီး ခွက်ထဲမှာ ရှိသော အရက်တွေအကုန်လုံးကို မော့သောက်ပစ်လိုက်ကြတဲ့ လူငယ်အုပ်စု!!
-အား ခါးလိုက်တာ
- ရှီးချန်ကော မနက်ဖြန် ပွဂ မတတ်နိုင်တဲ့ အတွက် တောင်းပန်ပါတယ်။
ရှီးချန် - ရပါတယ်ကွာ။ အားမှလာကြပါ။
- ကော Congratulation ပါ။
အငယ်လေးတွေရဲ့ တစ်ယောက်တစ်ပေါက် ပြောတာတွေကို အပြုံးလေးနဲ့သာ တုန့်ပြန်လိုက်မိသည်။
မင်ဂျွယ် - ရှီးချန် မင်း Com. မှာ ပဲ လုပ်တော့မှာလား။
ရှီးချန် - မသိသေးဘူး။ ငါ အမှန်တိုင်းပြောရရင် ပါးရဲ့ အလုပ်ကိစ္စကို စိတ်မ၀င်စားဘူး။
- ရှီးချန်ကော Ent. ထောင်လိုက်ပါလား။ ကျွန်တော်တို့ကို မြေတောင်မြှောက်ပေး ဟီး
ရှီးချန် - အဟား မလုပ်ပါနဲ့။ တော်ကြာ မင်းတို့ CEO နဲ့ ငါ သတ်နေရလိမ့်မယ်။
-CEOဆိုမှ ဒီနှစ်ထဲ CEO အပြောင်းအလဲ ရှိတယ်တဲ့။ ပြောကြတာတော့ ကျင်းကွမ်းယောင် က CEO ဖြစ်လာနိုင်တယ်တဲ့။
မင်ဂျွယ် - မင်းတို့က ဘယ်လိုသိတာလဲ။
- ကျွန်တော့် ဦးလေး ပြောတာ။
အငယ်လေးတွေက သူတို့ သိတဲ့ အကြောင်းပြောပြတာမို့ ရှီးချန် နဲ့ မင်ဂျွယ် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
မုန့်ယောင် - ပွဲလုပ်တာ ကျွန်တော့်ကိုကျတော့ မခေါ်ဘူး။
အသံနဲ့ အတူ ၀ိုင်းထဲ ၀င်ထိုင်လိုက်သောသူ!
မင်ဂျွယ် - မင်း ဘာလာလုပ်တာလဲ။
မုန့်ယောင် - မောင့် က်ို လာဂုဏ်ပြုတာ။ မောင် Congratulation ပါ။ မနေ့ညက ကျွန်တော့် ဆီလာပြီး ခံစားချက်တွေ ဖွင့်ထုတ်ခဲ့တာကို ကျေးဇူးတင်ပါတယ်။ မောင် သူ့ကို မချစ်ဘူးဆိုတာ သိိလိုက်ရတော့ ကျွန်တော် ပျော်တယ် သိလား
မုန့်ယောင် စကားအဆုံး ရှီးချန် ကို အငယ်လေးတွေက ကြည့်လာကြသည်။
ရှီးချန် - မင်း ဘာတွေ ပြောနေတာလဲ။ မနေ့ည က ငါ အလုပ်နဲ့ ငါတောင် ရှုပ်နေတာ။
YOU ARE READING
The One That Got Away [ Z & U ]/ { Completed }
FanfictionStart - 7.10.2021 Ending - 21.12.2021 Uni သုံးပွင်ဖြစ်လာခဲ့ရင် တစ်စုံတစ်ယောက်ကတော့ ထွက်သွားရမှာ ဓမ္မတာပဲ..... Zawgyi သုံးပွင့်ဆိုင် ဖြစ်လာခဲ့ရင် တစ်စုံတစ်ယောက်ကတော့ ထွက်သွား ရမှာ ဓမ္မတာပဲ...