❄️29❄️ [ U ]

223 39 2
                                    

📞ဘယ်တော့ ပြန်လာမှာလဲ။ ကျွန်တော် အရမ်းလွမ်းနေပြီ📞

📞ခွဲတာမှ ၃ ရက်ပဲ ရှိသေးတယ်လေကွာ။ ကိုယ့်ကို လွမ်းနေပြီပေါ့📞

📞ဘယ်လိုမေးလိုက်တာလဲဗျာ။ အင်းပေါ့လေ ကျွန်တော်က ချစ်နေရသူ၊ ကိုကို က ကျွန်တော်ကိုမှ မချစ်တာ။အဲ့တော့ လွမ်းတာကို ကိုကို က ဘယ်ခံစားတတ်မလဲ။ 📞

ကျန်းချန် ​ပင့်သက်တစ်ချက်ရှိုက်ကာ ပြောလိုက်တော့ တစ်ဖက်က ရယ်သံလွင်လွင်လေး ထွက်လာခဲ့သည်။

📞ကြည့် ရယ်နေ ရယ်နေ။📞

📞ကိုကို လည်း လွမ်းတာပေါ့။ ဒါပေမယ့် ဒီမှာက ဘယ်မှ မလည်ရသေးဘူးရယ်။📞

📞ဟွန်း📞

📞ကိုယ်ပြောမယ်။ ကိုယ် ဒီက ကိစ္စတွေ အကုန်ပြီးတာနဲ့ ပြန်လာမယ်။ ပြန်ရောက်တာနဲ့ ကိုကို တို့ လက်ထပ်ကြမယ်။📞

📞တကယ်လား ကိုကို။📞

📞တကယ်ပေါ့။ ကိုယ် ဒီတစ်ခါတော့ ဘာအမှားအယွင်းမှ မခံနိုင်တော့ဘူး။ ဒါကြောင့် အားချန် က လိမ်လိမ်မာမာ နဲ့ ကိုယ်ပြန်လာတာ ကို စောင့်နေနော်။📞

📞အင်း အင်း စောင့်မယ်။ ချစ်တယ် ကိုကို။ အရမ်းအရမ်းကို ချစ်တယ်။📞

📞ကိုကို လည်း အားချန် ကို အရမ်းချစ်တယ်။📞

- CEO အစည်းအဝေး စတော့မယ်။

တစ်ဖက်ဖုန်းထဲက ပျံ့လွင့်လာတဲ့ အသံကြောင့်

📞အစည်းအဝေး ရှိတာလား။📞

📞ဟုတ်တယ် ကိုကို။📞

📞ဒါဆို ဖုန်းချလိုက်တော့မယ်။ ကိုယ် အားတဲ့ အချိန် ဖုန်းဆက်လိုက်မယ်နော်။ အလုပ်ကောင်းကောင်းလုပ်📞

📞ဟုတ်ကဲ့။ ကျွန်တော် ကိုကို့ ဖုန်းကို မျှော်နေမယ်။📞

📞ချစ်တယ် အားချန်။ 📞

တိခနဲ ပြတ်တောက်သွားသော ဖုန်းလိုင်းကြောင့် ကျန်းချန် ပြုံးလိုက်သည်။ ဟွန်း ကိုကို လူလည်။ သူများပြောတာကြောင့် နားမထောင်ဘူး။ နောက်ထပ် ၂၇ ရက် သည်းခံ ကျန်း၀မ်ရင် ၊ ၂၇ ရက် ပြည့်ရင် ကိုကို နဲ့ ကမ္ဘာသစ် တစ်ခု ထူထောင် ရတော့မယ်။

The One That Got Away [ Z & U ]/ { Completed }Where stories live. Discover now